သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးအား ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ဌာနများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများတွင် အကောင်အထည်ဖော်မှု နှောင့်နှေးနေသော ကုမ္ပဏီများအနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ ယခုအချိန်တွင် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် သတ်မှတ်ကာလအတွင်း ပြီးစီးရန်လိုပါကြောင်း၊ မိမိတို့ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးပေးကြရန် ပြောကြားခဲ့ပါသည်။ ၎င်းနောက် လုပ်ငန်းရှင်များမှ Power Pointဖြင့် ရှင်းလင်း တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ဌာန မှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂)ကြိမ်မြောက် အစည်းအဝေး အား ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ကုမ္ပဏီ(၃)ခုမှ တည်ဆောက်ရေး လုပ်ငန်းတိုးမြှင့်ခွင့်နှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့် တင်ပြထားရှိမှုတို့အပေါ် ကော်မတီမှ ဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။
Read More...
08-Dec-2022
ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ့ဆုံပွဲ အခမ်းအနား နှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)အား ယနေ့မွန်းလွဲပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ ဌာနများမှ ကော်မတီဝင်များနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာဧရာဝတီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံပွဲ အခမ်း အနားတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီ တိုင်းဒေသကြီးရှိ ကမ်းခြေခရီးသွားလုပ်ငန်းဖြစ်သော ငွေဆောင်နှင့် ချောင်းသာ ကမ်းခြေနှစ်ခုတွင် ၂၀၁၉ခုနှစ်တွင် ခရီးသွား ၆သိန်းခွဲခန့် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ်တွင်နိုဝင်ဘာလကုန်အထိ ခရီးသွား ၇သိန်း၁သောင်းကျော် ဝင်ရောက်ခဲ့ပါကြောင်း၊ ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လာစေရန်အတွက် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင်လည်း အကောင်းဆုံးဝန်ဆောင်မှုများပေးခြင်း၊ ကမ်းခြေဒေသ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးခြင်း စသည့် ခရီးသွားဧည့်သည်ဆွဲဆောင်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ရန်အတွက်လည်း သက်ဆိုင်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းနှင့်အတူ ခရီးသွားများ လာရောက်လည်ပတ်ရန်အတွက် ဆင်စခန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်လာပြီ ဖြစ်သဖြင့် ကမ်းခြေဒေသ ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကမ်းခြေဒေသများသို့ ခရီးသွားများဝင်ရောက်မှုအား စစ်တမ်းကောက်ယူ၍ စနစ်တကျ မှတမ်းပြုစုသုံးသပ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကမ်းခြေ သန့်ရှင်းသာယာလှပစေရေး ဝိုင်း၀န်းဆောင်ရွက် ကြရန်လိုပါကြောင်း၊ ဒေသထွက်ကုန်ကြမ်းများ အပေါ် အခြေခံသည့် စားသောက်ကုန်များ၊ အမှတ်တရလက်ဆောင်ပစ္စည်းများကို အဆင့်မြင့်ထုတ်လုပ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ပူပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ MSMEs လုပ်ငန်းရှင်များကလည်း အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ ကို ထုတ်လုပ်ရန်လိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေး Barrier Free Tourism လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားကြရန် ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် Agri Based Tourism Farming Based Tourism တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဆောင်ရွက် သွားကြ ရမှာ ဖြစ်ပါကြောင်း၊ ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် HGLMSစနစ်အား အပြည့်အဝတပ်ဆင်သုံးစွဲနိုင်ရေးကိုလည်း ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း”ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကော်မတီ ဝင်များနှင့် ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ခရီးသွား လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၂/၂၀၂၂)အား ပြုလုပ်ခဲ့ရာ လုပ်ငန်းလိုင်စင်အသစ်လျှောက်ထားတင်ပြလာသော ဟိုတယ် (၃)လုံး၊ အခန်းတိုးချဲ့တည်ဆောက်ခွင့်ပြုရန်တင်ပြလာသော ဟိုတယ်(၃)လုံး တို့ နှင့် ပတ်သက်၍ ကော်မတီမှ ဆွေးနွေးဆုံးဖြတ်ခြင်း၊ တိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ် နိုင်ရေး ဆွေးနွေးခြင်း၊ ခရီးသွားနေရာများ နှင့် ခရီးစဉ် ဒေသသစ်များကို အများပြည်သူ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ရုပ်သံအစီအစဉ်များ ရိုက်ကူး၍ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
Read More...
07-Dec-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စိုက်ပျိုးရေးဦးစီးဌာန သရောင်းချောင်းမျိုးသန့်ခြံအား သွားရောက်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သရောင်းချောင်းမျိုးသန့်ခြံအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန(မျိုးစေ့ဌာနခွဲ) သရောင်းချောင်း မျိုးသန့်ခြံ၌ မျိုးအုပ်စုအလိုက် ပြသထားသည့် စပါးမျိုးများအား ကြည့်ရှု စစ်ဆေး ခဲ့ရာ မျိုးသန့်ခြံတာဝန်ခံ ဦးစီးအရာရှိ မှ ရှင်းလင်းတင်ပြမှုအပေါ် မျိုးအုပ်စုအလိုက် ခွဲခြား မှတ်တမ်းပြုစု၍ စနစ်တကျ ထိန်းသိမ်းထားရန် မှာကြားခဲ့သည်။
ယင်းနောက် ပေါ်ဆန်းမွှေး စပါးမျိုး (၂)ဧက မျိုးသန့် မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ ထိန်းသိမ်းထားရှိသည့် ပေါ်ဆန်းမွှေးစပါးမျိုးအား ယခုစိုက်ပျိုး၍ မျိုးထုတ်ရာ တွင် အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်မှုနှင့် အရည်အသွေးပိုင်းအား ယခင်/ယခု နှိုင်းယှဉ်သုံးသပ် နိုင်ရန်နှင့် သုတေသနပြုသွားရန်၊ ပေါ်ဆန်း မွှေးမျိုးစပါး စတင်စိုက်ပျိုးသည်မှ ဆန်ကြိတ်ခွဲပြီး သည်ထိ မှတ်တမ်းတင်ပြုစုတင်ပြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ယခင်နှစ်ရိုးပြတ်ကျန်ဖြစ်ပေါ်သည့် ဧကများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိသည့် ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စု၊ မဒေါ့ကုန်းကျေးရွာ တောင်သူဦးကျင်သန်း၏ လယ်မြေတွင် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုခဲ့ပြီး ရိုးပြတ်ကျန်ဧကများတွင် ဆီထွက်သီးနှံ နေကြာအား သီးသန့်စိုက်ပျိုးနေမှုအား ကြည့်ရှု ၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
07-Dec-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊သင်္ချာစွမ်းရည်ပြိုင်ပွဲအား ဒီဇင်ဘာလ ၄ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာမူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ထိန်းသူမိဘများ နှင့်အတူ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲသည် တိုင်းဒေသကြီးအဆင့်ပြုလုပ်သောပြိုင်ပွဲဖြစ်ပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲအား အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း၊ သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9အထိ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးကလည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲအား ယမန့်နေ့ကကျင်းပပြီးစီးခဲ့ကြောင်းသိရသည်။
Read More...
05-Dec-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လည်ပိုင်းက ရေကြည်မြို့နယ်အတွင်းသို့ သွားရောက်၍ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာ၌ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းရန် ဆောင်ရွက်နေမှုအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွားရေတိုက်ကျေးရွာနှင့် ကညင်ငူကျေးရွာအနီး အလျား ၁.၁၅ မိုင် ပင်မမြောင်းမြေကြီးလုပ်ငန်းနှင့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဧက(၁၀၀၀)စီမံကိန်းဆိုင်ရာအချက်အလက်များအားလည်းကောင်း၊ ကညင်ငူကျေးရွာ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့်တည်ဆောက်မည့် (၁၁)ကေဗွီဓာတ်အားလိုင်း(၀.၂)မိုင်၊(၁၁/၀.၄)ကေဗွီ(၂၀၀)ကေဗွီအေခွဲရုံ(၁)ရုံတည်ဆောက်ရန်ဆောင်ရွက်နေမှုအားလည်းကောင်း၊၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ကွင်းလျားကျေးရွာနှင့် ကညင်ငူကျေးရွာများတွင် ဆောင်ရွက်မည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအားလည်းကောင်း သက်ဆိုင်ရာဌာနများက ယာယီရှင်းလင်းဆောင်၌ လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးစေရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းရာတွင် လုပ်သားများအန္တရာယ်ကင်းရှင်းစေရေး၊သတ်မှတ်ထားသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေးတို့အားလမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် နွားရေတိုက်ကျေးရွာ ၁၁ကေဗွီအေ ထရန်စဖော်မာတပ်ဆင်နေမှုနှင့် ဓာတ်အားလိုင်းသွယ်တန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ တောင်သူအခြေပြုသုတေသနစခန်းဖြစ်သော ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ၊ တောင်သူဦးကြည်ခိုင်စိုး၏ လယ်မြေ၌ ဧရာဝတီတိုင်းဒေသကြီး၏ ပေါ်ဆန်းရင်နှင့် ပေါ်ဆန်းကြီးစပါးမျိုးများကို သဘာဝမြေဩဇာ သီးသန့်ထည့်သွင်းအသုံးပြုပြီး ဒေသနှင့်အသင့်လျော်ဆုံး ဈေးကွက်အရှိဆုံးစပါးမျိုးကို တောင်သူနှင့်အတူ ရွေးချယ်စိုက်ပျိုးသည့် ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့်အတူ ပေါ်ဆန်းရင်နှင့် ပေါ်ဆန်းကြီးစပါးများ ဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးကာ ယခုကဲ့သို့ပြုလုပ်ခြင်းဖြင့် သဘာဝမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို တောင်သူများ လက်တွေ့မြင်တွေ့ရပြီဖြစ်သဖြင့် သဘာဝမြေဩဇာကို ပိုမိုသုံးစွဲစိုက်ပျိုးကြရန် တိုက်တွန်းပါကြောင်း ပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငါးတဲစုကျေးရွာ၊ ငါးတင်းစုကျောင်းကြီးဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ
ရေကြည်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ငါးတဲစုကျေးရွာကုန်ထုတ်လမ်းမြေကျောက်ခင်းခြင်းနှင့် ကုန်ထုတ်တံတားတည်ဆောက်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေးတို့အား လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသမျိုးစပါးများ ဖြစ်ထွန်းအောင်မြင်စေရေးအတွက် သဘာဝမြေဩဇာအား ပိုမိုသုံးစွဲရန်၊ ဓာတ်မြေဩဇာလျှော့ချသုံးစွဲရန်မှာကြားခဲ့ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၊ သုတေသနအရာရှိမှ သဘာဝမြေဩဇာသုံးစွဲစိုက်ပျိုး၍ ရရှိလာမည့်အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းဆွေးနွေးကာ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းေဆာင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်ဒေါင့်ကြီး (သာပေါင်း) - ဒဇောင်းရိုး(ရေကြည်) လမ်း မိုင် ၁/၆-၂/၀ အထိ ကတ္တရာလမ်းသစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများ ပြည့်မီရေး၊ ဘဏ္ဍာနှစ်အတွင်းလုပ်ငန်းများ ပြီးစီးစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ရန် တို့အားလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Read More...
04-Dec-2022