သတင်းများ
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ငပုတောမြို့နယ်သို့ သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများဘး ထောက်ပံ့ပေးအပ်ပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့၊ လမ်းဦးစီးဌာနရိပ်သာ၌ ကွင်းဘတ်ကျွေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးသင့်အိမ်ထောင်စုများကိုယ်စား ငရုပ်ကောင်းမြို့အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာသို့သွားရောက်၍ ယခုလ ၂၁ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ဇီး ချိုင်ကျေးရွာ တံတားချဉ်းကပ်လမ်း ပျက်စီးပြိုကျခဲ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်စေရေး အမြန်ဆုံးပြင်ဆင်၍ ယာယီသွားလာနိုင်ရေးဆောက်ရွက်ရန်၊ တံတားသစ်ဆောက်လုပ်နိုင်မည့် မြေနေရာရှာဖွေရန်မှာကြားခဲ့သည်။
ဆက်လက်၍ ဇီးချိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်း နှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကာတံတားတည်ဆောက်နိုင်မည့် အခြေအနေများလျှောက်ထားတင်ပြခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဇီးချိုင်အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်ခဲ့ကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများမေးမြန်းခဲ့ကာ ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းတို့ကို ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများမေးမြန်းခဲ့ကာ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်စေရေး၊ ကျောင်းနေမြဲစေရေး၊ အမှန်တကယ်စာတတ်မြောက်စေရေး လေ့ကျင့်သင်ကြားပေးရန်မှာကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ငပုတောမြို့နယ်တွင် ငရုပ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များရှိ ကျေးရွာ အုပ်စု (၅)စု၊ ကျေးရွာ (၈)ရွာ၊ဘေးသင့်အိမ်ထောင်စု ၇၀ တိို့အတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံငွေများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖောင်ဒိုး- ပုသိမ်- မော်တင်ကားလမ်း ၂ မိုင်/ ၃မိုင် ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြို၍ ကားလမ်း ပိတ်ဆို့နေမှုအား စက်ယန္တရားများဖြင့်ဖယ်ရှားရှင်းလင်းနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးလမ်းကြောင်းဖွင့်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။
Read More...
23-Aug-2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သောဆရာ၊ ဆရာမများနှင့် အောင်ချက်ကောင်းသောကျောင်းများအားဂုဏ်ပြုဆုချီးမြှင့်
Read More...
ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သောဆရာ၊ ဆရာမများနှင့် အောင်ချက်ကောင်းသောကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ တေဇာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူများက“ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မိမိတို့ တိုင်းဒေသကြီးသည် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဒုတိယနှင့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများများစွာထွက်ပေါ်ခဲ့ပြီး ယခုပညာသင်နှစ်တွင်လည်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှင့်ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ကျောင်းသားမိဘများ၊ ပညာရေးဌာနအဆင့်ဆင့်တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ကြိုးစားမှုရလာဒ်များပင်ဖြစ်ပါကြောင်း၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ရာတွင် လူစွမ်းအားအရင်းအမြစ်များရရှိရေးသည် လွန်စွာအရေးကြီးပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစေရန်ထောက်ပံ့ပေးခြင်းအပြင်ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းနိုင်ရေးတို့လည်းလိုအပ်ကြောင်းနှင့် တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရေး ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများ၊ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များကပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။ ထို့နောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းက ပညာရည်ချွန်ဆုပေးပွဲ ဂုဏ်ပြုသီချင်း၊ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာ ဆို၊က၊ရေး၊တီးပြိုင်ပွဲ၊ ခရိုင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရေကြည်မြို့နယ် ကဗျာလွတ်အကအဖွဲ့တို့က သီဆိုကပြ ဖျော်ဖြေခဲ့ပါသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေကြည်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်း(၃)ကျောင်း၊ သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦးအပါအဝင် (၆)ဘာသာဂုဏ်ထူးရှင်(၄) ဦးတို့အား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ (၅)ဘာသာဂုဏ်ထူးရရှိသူ(၄)ဦးအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး၊လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ (၄)ဘာသာဂုဏ်ထူးရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၏ဇနီး၊ သယံဇာတရေးရာဝန်ကြီး၏ဇနီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူး၊ တိုင်းဒေသကြီး ကျန်းမာရေးဒုတိယတိုင်းဦးစီးမှူး၊ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး၊ ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က ဂုဏ်ထူးဖြင့်အောင်မြင်အောင်သင်ကြားပေးခဲ့သည့် ဆရာ၊ဆရာမများအားလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားဖြစ်မြောက်ရေးအတွက် လှူဒါန်းပါဝင်ခဲ့ကြသည့် စေတနာရှင်၊ အလှူရှင်များစာရင်းအားဖတ်ကြားဂုဏ်ပြုတင်ပြခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပေးခဲ့သော ဆရာ၊ ဆရာများကိုယ်စား သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်း၊ အခြေခံပညာအထက်တန်းကျောင်း(ငါးသိုင်းချောင်း)ရေကြည်မြို့နယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည် မြို့နယ်အနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၉)ခုမှ သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင်(၁)ဦးအပါအဝင် (၆)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၅) ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၁၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် ၁၃၂ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် ၉၁ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် ၁၇၃ဦး၊ ရိုးရိုးအောင်မြင်သူ ၂၃၃ဦးရှိကာ အောင်ချက်(၅၂.၀၇) ရာခိုင်နှုန်းရရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ e-IDစနစ်ဖြင့် လူဦးရေစာရင်းဖြည့်သွင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီးအချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် မဲစာရင်းများ ပြုစုဆောင်ရွက်ရာတွင် မြေပြင်ရှိ လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်များမြန်ဆန် မှန်ကန်စွာ စနစ်တကျစိစစ်ဆောင်ရွက်ဖြည့်သွင်းစေရေးတို့အား မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားခန်းမ အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းသုံးပစ္စည်းများကြိုတင်စုဆောင်းထားရှိစတိုင် စနစ်တကျပြုပြင်ဆောင်ရွက်စေရေး၊ ဆယ်တင်ပစ္စည်းများစနစ်တကျထိန်းသိမ်းထားရှိစေရေးမှာကြားခဲ့ပြီးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာအုပ်စု၊ငါးတဲစုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် မိုးစပါးကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုပွဲနှင့် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲတက်ရောက်ခဲ့ပြီး မိမိတို့တိုင်းဒေသကြီးသည် မိုးစပါး၊နွေစပါး စိုက်ဧက အများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ဧကများပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းတိုးရေး၊ စပါး၊ဆန် အရည်အသွေးတိုးတက်ကောင်းမွန်စေရေး ဌာနဆိုင်ရာများ၊ တောင်သူများနှင့်ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မျိုးကွဲများ များပြားနေသဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များရရှိစေရးဆောင်ရွက်လျက်ရှိပါကြောင်း၊ စျေးကွက်ယှဉ်ပြိုင်နိုင်ရေးနှင့် Eating Quality ကောင်းမွန်စေရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးစရိတ်များခြွေတာနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သောစိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Ayeyarwaddy Development Public Co., Ltd Voice Chairman မှ စိုက်ပျိုးစရိတ်/သွင်းအားစုထောက်ပံ့ငွေထုတ်ပေးမည့်အခြေအနေများရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများထံ စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပိုက်ဆံလျှော်များတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေး၊ စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စွာအသုံးပြုနိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါမိုးစပါးကန်ထရိုက်လယ်ယာ စာချုပ်ချုပ်ဆိုပွဲနှင့် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲတွင် ရေကြည်မြို့နယ်၊နွားရေတိုက်ကျေးရွာအုပ်စုရှိ တောင်သူ (၈၀)ဦး၊ စိုက်ဧက ၁၀၀၀အတွက် စိုက်ပျိုးစရိတ်/သွင်းအားစုများထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀၀ ကိုပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိရသည်။
Read More...
21-Aug-2022
ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများနှင့်တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေးအားကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေး နှင့်အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးပါသည်။ ထို့နောက် စက်တော်ရာဘိုးဘွားရိပ်သာဝင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကိုးသိန်းမိုးလေလုံ အားကစားခန်းမတွင် တိုက်ကွမ်ဒိုနှင့် ဘတ်စကက်ဘောအားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နည်းစနစ်မှန်မှန်လေ့ကျင့်စေရေးပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၂)ပုသိမ်တံတားအဆင်း ပုသိမ်မြို့တွင်းလမ်း (၁၁၃/၀မှ၁၁၃/၁)မိုင်အတွင်း လမ်းချဲ့၍ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ အမှတ်(၇)၊ရာမညရပ်ကွက်၌ ရေစီးရေလာကောင်းမွန်စေရေးတွက် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းဖြင့် Box Culvert (၁၂)ခုတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့ရှောင်လမ်း ၄ မိုင်၇ဖာလုံ အား လမ်းချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့် လမ်းများရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အားမှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ကမ်းနားလမ်းရှိ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုများမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့များသာမက ရပ်ကွက်နေပြည်သူများကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
20-Aug-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးကိုယ်စားပြု ဘက်စကက်ဘောအသင်းအားအောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘတ်စကက်ဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး ဘတ်စကက်ဘော အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အားကစား အောင်နိုင်ရေးအတွက် တစ်ဦးချင်းကျွမ်းကျင်မှု၊ အဖွဲ့အလိုက် အပေးအယူအချိတ်အဆက်မိစေရန် နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ကြပါကြောင်း၊ အသင်းလိုက်ယှဉ်ပြိုင်ကစားရသော ပြိုင်ပွဲဖြစ်၍ အနိုင်မခံ အရှုံးမပေးစိတ်ဓာတ်ဖြင့်အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ကစားကြစေလိုကြောင်းနှင့် ပြိုင်ပွဲတွင် အနိုင်ရရှိရေး စွမ်းဆောင်ပေးကြစေလိုကြောင်း” ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘတ်စကက်ဘောအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
19-Aug-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဆောက်လုပ်နိုင်ရေးကြည့်ရှုစစ်ဆေး၊ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်း၌ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ မြို့ကွက်သစ်ရပ်ကွက်၊ အကွက်အမှတ် (၁) ရန်ကုန်-ပုသိမ် ကားလမ်းဘေး၊ အလျား (၁၅၀)ပေအနံ (၁၂၀)ပေ၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဆောက်လုပ်နိုင်ရေး သဲဖြည့်ခြင်းလုပ်ငန်းဆောက်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး မြေသားအခိုင်အမာရရှိစေရေး၊ သတ်မှတ်ချက်များနှင့်အညီဆောက်ရွက်စေရေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၊ထရော်ရွာသစ်ကျေးရွာအုပ်စုနှင့် ကျုံမငဲ့ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ယခု ၁၆ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့သဖြင့် လူနေအိမ်များနှင့်စာသင်ကျောင်းအမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့သည့်လေဘေးသင့်ပြည်သူများထံသွားရောက်၍ အားပေးထောက်ပံ့ခဲ့ပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ချောင်းဖျားကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် အခြေခံပညာမူလတန်းကျောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအမိုးလန် ပျက်စီးမှုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ရတနာစလင်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားအား တက်ရောက်၍ အားပေးစကားပြောကြားရာတွင် လေပြင်းတိုက်ခတ်ခြင်း၊မိုးအဆက်မပြက်ရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရန်လိုပါကြောင်း၊ မိုးလေဝသနှင့်ဇလဗဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မိုးလေဝသ သတင်းများကိုလည်းဂရုတစိုက် နားထောင်မှတ်သားပြီးကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း မိုးလေဝသသတိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ အများပြည်သူများသိရှိစေရေး၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်စေရေးအတွက် လိုက်လံနှိုးဆော်ကြေညာပေးရန်လိုပါကြောင်းနှင့် လေပြင်းတိုက်ခတ်ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများက အ မြန်ဆုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး ဘေးသင့် အိမ်ထောင်စု (၅၀)နှင့်စာသင်ကျောင်းအတွက် ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး (၃၁)ပုံး တို့ကို ဘေးသင့်ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရတနာစလင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး လေဘေးကယ်ဆယ်ရေးဆောင်ရွက်မှုများကိုလျှောက်ထားတင်ပြခဲ့ကြောင်းသိရှိရပါသည်။
Read More...
18-Aug-2022