သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းအချိန်တွင် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးတင်မောင်းဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များတက်ရောက်ကြပါသည်။ ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မင်္ဂလာအခါတော် စာတမ်းဖတ်ကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ကြောင်းကြေငြာပေးခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့တာဝန်ရှိသူများမှ အခမ်းအနားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ယိမ်းအကအဖွဲ့များမှ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ယိမ်းအဖွဲ့များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမွှေးနံ့သာရည်များပတ် ဖြန်းပေးခဲ့ကြပြီး ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြပါသည်။ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၀ခု၊ ပြိုင်ယိမ်းအဖွဲ့ ၁၈ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ ၁၁ဖွဲ့တို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။


Read More...
13-Apr-2022
ရေကြည်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများအား လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်းနှင့် မအူကုန်းကျေးရွာတွင် ပိုက်ဆံလျှော် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ၂၀၂၂ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရေကြည်မြို့နယ်၊  ဘုတ်ချောင်းကျေးရွာ၊ မြတ်ကိုးပါးဘုရားကြီးကျောင်းတိုက်ရှိ မြတ်ကိုးပါးရုပ်ရှင်တော်မြတ်အားဖူးမြော်၍ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့ကာ မြတ်ပန်းတိုင်ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် မအူကုန်ကျေးရွာ၊ တောင်သူဦးကုသိုလ်၏ ပိုက်ဆံလျှော်မျိုးစေ့ထုတ်သီးညှပ်(၁)ဧကစိုက်ခင်း ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာများ ပြန်လည်ကောင်းမွန်လာပြီး ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချနိုင်မည့် အခြေအနေများနှင့် ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကို တိုးချဲ့လုပ်ကိုင်ကြစေရေးဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ရှိ ဒီပါရုံကျောင်းတိုက်နှင့် သီတာရုံကျောင်းတိုက်တို့ရှိ ဆရာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆန်၊ ဆီနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
12-Apr-2022
"အဂ္ဂမဟာကမ္မဌာနာစရိယ" သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ
၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက် (လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် "အဂ္ဂမဟာကမ္မဌာနာစရိယ" သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာ၊ ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်အား ထပ်ဆင့် ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏဝိသိဋ္ဌပူဇာသဘင်)အခမ်းအနားကို ဧပြီလ(၁၂)ရက်နေ့ နံနက်ပိုင်းက ရေကြည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာ၊ ပုဗ္ဗာရုံကျောင်းတိုက်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရဟန်းရှင်လူပရိတ်များ တက်​ရောက်ခဲ့ကြပါတယ်။ ဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ ဖွင့်လှစ်ခဲ့၍ လေးမျက်နှာမြို့နယ်၊ ဒက္ခိဏာရုံကျောင်းတိုက်ပရဟိတဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဟင်္သာတမြို့၊ ရေကြည်ကျောင်း ပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်ဘုရား မှ ပုဗ္ဗာရုံဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းချုပ်ကို ဖတ်ကြားပူဇော်ခဲ့ကာ ဟင်္သာတမြို့ မဟိတာရုံကျောင်းတိုက် ပဓာနနာယကဓမ္မာနုဓမ္မမဟာဒွါရနိကာယ ဗဟိုအနုရက္ခိတအဖွဲ့ဝင်ဆရာတော်မှ ဂုဏပူဇာဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍  ရေကြည်မြို့၊ ဒီပါရုံစာသင်တိုက်စာချဆရာတော်မှ ပဏာမပူဇာပတ္ထနဂါထာဖြင့် ရှိခိုးပူဇော်ဆုတောင်းပါသည်။ ထို့နောက် စိန်ရတနာတေးဂီတအ ဖွဲ့မှမင်္ဂလာရတုပိုဒ်စုံ၊ ပူဇာပတ္ထနာတေးထပ်တို့ ဖြင့်သီကျူးပူဇော်ခဲ့ပြီး  အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ပညာသာမိမဟာထေရ်မြတ်မှ သြဝါဒဓမ္မကထာနာမြွတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများ လျှောက်ထား၍  အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆပ်ကပ်လှူဒါန်းခဲ့ပြီး ပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ အာမိသပူဇာနှင့် ပူဇော်နိုင်စွမ်းအားနှင့်ကျေးဇူးတင်စကားပြောကြားပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များမှ အဂ္ဂမဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်တော်ရဆရာတော်ပုဗ္ဗာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘုရားကြီး ဘဒ္ဒန္တပညာသာမိမဟာထေရ်မြတ်နှင့် ပင့်သံဃာတော်အရှင်သူမြတ်တို့အား အလှူငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် လေးမျက်နှာမြို့နယ် ဒက္ခိဏာရုံကျောင်းတိုက် ပရဟိတဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။


Read More...
12-Apr-2022
ဆိုလာစနစ်ဖြင့် လျှပ်စစ်ရေတင်နေမှုအခြေအနေအား ကြည့်ရှုခြင်းနှင့် တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေအတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်
၂၀၂၂ခုနှစ် ဧပြီလ(၁၀)ရက်နေ့ နေ့လည်ပိုင်းတွင် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် မန်းငြိမ်း​မောင်၊ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဝါးခယ်မမြို့နယ်၊ သဲကုန်း/ကြာဖြူ​ကျေးရွာအုပ်စုသို့​ရောက်ရှိ၍ ဆိုလာစနစ်ဖြင့်လျှပ်စစ်ရေတင်​နေမှု​အ​ခြေအ​နေအား ကြည့်ရှုအား​ပေးခဲ့ပါတယ်။ ထို့​နောက် တိုင်း​ဒေသကြီးစိုက်ပျိုး​ရေးဦးစီးမှူးမှ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် လယ်​မြေအတွင်း ပိုက်ဆံ​လျှော်မျိုး​စေ့ ထည့်သွင်း စိုက်ပျိုးခြင်းမှတ်တမ်းများ၊ တိုင်း​ဒေကြီးဝန်ကြီးချုပ်မှ တိုင်း​ဒေသကြီးအတွင်း မျိုး​ကောင်းမျိုးသန့်များ  ထုတ်လုပ် စိုက်ပျိုးခြင်း​ကြောင့် စပါးအထွက်နှုန်းများ​တိုးတက်မှုအ​ခြေအ​နေများအား တင်ပြခဲ့ကြရာ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် မန်းငြိမ်း​မောင်က မြေဆီလွှာ​ကောင်းမွန်​ရေးအတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်း စိုက်ပျိုးခြင်းကို ​ဒေသခံ​တောင်သူများ စိတ်ပါဝင်စားလာ​စေ​ရေး၊ အရည်အ​သွေးပြည့်မီ​သော ဆန်စပါးများရရှိ​ရေးအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်​ကြောင်း၊ ​မြေဆီလွှာအာဟာရဓါတ်များ ပြန်လည်​ကောင်းမွန်​​ရေး၊ မျိုး​ကောင်းမျိုးသန့်များစိုက်ပျိုးထုတ်လုပ်နိုင်​ရေးအတွက် စိုက်ပျိုး​ရေးဦးစီးဌာနအ​နေဖြင့် ​တောင်သူများအား အသိပညာ​ပေးလုပ်ငန်းများ ကျယ်ကျယ်ပြန်ပြန့် သိရှိ​အောင် ​ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သစ်စိမ်း​မြေသြဇာ ပိုက်ဆံ​လျှော်ထည့်သွင်းစိုက်ပျိုးမှုအဆင့်အဆင့်အား စိုက်ပျိုး​ရေးဦးစီးဌာနအ​နေဖြင့် စနစ်တကျမှတ်တမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့ကာ ဒေသခံ​​တောင်သူများအား သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)မျိုး​စေ့များ ​ထောက်ပံ့​ပေးအပ်ခဲ့ပါသည်။ ထို့​နောက် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် မန်းငြိမ်း​မောင်၊ တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ​ဒေသခံ​တောင်သူများနှင့်အတူ လယ်​မြေအတွင်း သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)မျိုး​စေ့များအား စု​ပေါင်းကြဲပက်ခဲ့ကြ​​ကြောင်း သတင်းရရှိပါသည်။


Read More...
10-Apr-2022
အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ
၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်(လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တို့တွင်အမြင့်ဆုံးဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ကျုံမငေး+ရန်ကုန် စက်ရုံဓမ္မရိပ်သာကျောင်းတိုက်များ၏ ဦးစီးပဓာနမဟာနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏဝိသိဋ္ဌပူဇာမဟာသဘင်)အခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့စက်ရုံဓမ္မရိပ်သာကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့ကြပါသည်။ ဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ ဖွင့်လှစ်ခဲ့ပြီး ဝါးခယ်မမြို့နယ်၊ သံဃာ့နာယကဥက္ကဌ၊ ကွမ်းခြံကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ၊ ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိမဟာထေရ်မှ သာရာဏီယဩဝါဒကထာ မြွက်ကြား ချီးမြှင့်ခဲ့ပါသည်။ အဲ့ဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဌအား အလှူငွေဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ စေတနာရှင်အလှူရှင်များမှ ပင့်သံဃာတော်အရှင်သူမြတ်တို့အား အလှူငွေများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဌမှ ကျေးဇူးတင် ဝမ်းမြောက်စကားပြန်လည်ပြောကြားကာ မော်လမြိုင်ကျွန်းမြို့နယ် သံဃနာယကဥက္ကဌဆရာတော် ဘဒ္ဒန္တဇောတိကထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့​ပါသည်။


Read More...
10-Apr-2022