သတင်းများ


ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေမှုကို တားဆီးရန် Geo Bag များဖြင့် အရေးပေါ်တာပြန်စီးခြင်း/ပိတ်ဆို့ခြင်း ဆောင်ရွက်နေမှု
ငဝန်တာတမံ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောအတွင်းမှ ရေအောက်လှိုင်ခင်းပြီး ထူးပေါက် (Sand Boil/Piping) မှုကြောင့် မြေအောက်ရေစီးကြောင်းသန်ကာ တာတမံနိမ့်ကျဆုန့်ဝင်ပြီး ရေကျော်စီးဝင်မှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ စိမ့်ဝင်/ကျော်လွန်နေသော ရေစီးကြောင်းကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးနှင့် တာတမံ ပျက်စီးမှု ပိုမိုမကြီးမားစေရန်အတွက် Geo Bag (ဂျီအိုအိတ်) များကို အဓိကအသုံးပြု၍ အောက်ပါ အရေးပေါ်နည်းပညာဆိုင်ရာ တာပြန်စီးခြင်း လုပ်ငန်းများကို နေ့မနား ညမနား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။


Read More...
05-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ နည်းပညာတက္ကသိုလ် (ပုသိမ်)၊ ပုသိမ်ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူ လူငယ် ( ၁၀၂ ) ဦးက စုပေါင်း သွေးလှူဒါန်းခဲ့ကြောင်းသိရသည်။


Read More...
05-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ပုသိမ်မြို့၊ အားကစားပြိုင်ပွဲရုံ(၂)ရှိ ကူညီထောက်ပံ့ပစ္စည်းများထားရှိမှုကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ပုသိမ်မြို့၊ အားကစားပြိုင်ပွဲရုံ (၂)ရှိ ကူညီထောက်ပံ့ရေး ပစ္စည်းများထားရှိမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ(၂)သို့ သွားရောက်၍ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူရှင်များက လှူဒါန်းထားရှိသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှုကိုကြည့်ရှုစစ်ဆေးပြီး ကူညီထောက်ပံ့ရေးပစ္စည်းများ စနစ်တကျထားရှိစေရေး၊ လိုအပ်သည့်နေရာများသို့ အမြန်ဆုံးပို့ဆောင်နိုင်ရေးနှင့် လိုအပ်သညများမှာကြားခဲ့သည်။


Read More...
05-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ အခြေခံစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာသို့ ရောက်ရှိ၍ အိုင်သပြုကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီးနောက် ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့မှရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ငဝန်ရေကာတာ တာမိုင် ၂၅/၃ မိုင်တွင် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ခဲ့ပါ‌ကြောင်း၊ ရေစီးကြောင်းအရှိန်လျော့ချ၍ ပိတ်ဖို့ဆောင်ရွက်နိုင်ရေးအတွက် ဝန်ရှိသူများအားလုံးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးဆိုသည်မှာ မမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်ဖြစ်ပါ‌ကြောင်း၊ ပြည်သူများအ‌နေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်နေထိုင်ကြရန်လိုကြောင်း၊ ပြည်သူများကြုံတွေ့ရသည့်အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်၍ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း”ပြောကြားသည်။


Read More...
04-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်းပေါ်ရှိ ရေတိုက်စားပျက်စီးခဲ့သော တံတားအမှတ်(၁/၆)အားကြည့်ရှုစစ်ဆေး
လေးမျက်နှာ-အိုင်သပြု--ငါးသိုင်းချောင်းလမ်း မိုင်တိုင်အမှတ် ၅မိုင်နှင့် ၅မိုင်၁ဖာလုံကြား အလျား ၁၅ပေ၊ အနံ၁၂ပေ၊ အကျယ်၈ပေရှိ တံတားအမှတ်(၁/၆)၊ အရှည်၉ပေ၊ အကျယ်၂၆ပေ၊ အုတ်စီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်း Box Culvertသည် ယမန်နေ့နံနက်က လေးမျက်နှာမြို့နယ် ရှိ ငဝန်တာ၏ ရေကျော်စီးဝင်သော ရေစီးကြောင့် ရေတိုက်စားပျက်စီးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
04-Aug-2026