သတင်းများ
မုန်တိုင်းဘေးကင်းစင်၍ မိမိတို့၏နေရပ်အသီးသီးသို့ပြန်လည်ထွက်ခွာမည့် လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ပို့ဆောင်နှုတ်ဆက်၊စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Read More...
မုန်တိုင်းဘေးကင်းစင်၍ မိမိတို့၏နေရပ်အသီးသီးသို့ သင်္ဘော၊စက်လှေများဖြင့် ပြန်လည်ထွက်ခွာမည့် လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား နယ်မြေခံတပ်ရင်းရင်းတပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ထို့သို့ပြန်လည်ထွက်ခွာမည့် မုန်တိုင်းရှောင်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊အမှတ်(၄)ရပ်ကွက်၊ကမ်းနားလမ်း ဦးဟိုက်ပင့်ဆိပ်ကမ်းသို့ သွားရောက်၍ နံနက်စာ စားသောက်ဖွယ်ရာထောက်ပံ့ပေးအပ်ခဲ့ပြီး နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် လပွတ္တာမြို့၊အမှတ်(၆)ရပ်ကွက် အောင်တော်မူ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး တာဝတိံသာအရုဏ်ခံ တန်ဆောင်းတော်ကြီးအတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ကာ ပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွေးနဒီခန်းမ၌ပြုလုပ်သည့် လပွတ္တာမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်မှုအခမ်းအနားသို့ တက်ရောက်၍ “လပွတ္တာမြို့နယ်အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများ သက်ဆိုင်ရာနေရပ်အသီးသီးသို့ လုံခြုံအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ရောက်ရှိရေးအတွက် အားပေးတွေ့ဆုံခဲ့ပြီး လိုအပ်သည့်ထောက်ပံ့မှုများပြုလုပ်နိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊လေပြင်းတိုက်ခတ်မှုများကြောင့် မိမိတို့တိုင်းဒေသကြီးအတွင်း၌လည်း ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေး တတ်နိုင်သမျှဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်ပေးမည်ဖြစ်ပါကြောင်း"အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများ၊ စားသောက်ဖွယ်ရာများအား ဘေးသင့်ကျေးရွာအုပ်စုများထံအသီးသီးပေးအပ်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် လပွတ္တာမြို့နယ် ခြင်းလုံးအားကစားရုံနှင့် မြို့နယ်သုံးသူရေးရာဦးစီးဌာနရုံးသို့သွားရောက်၍ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများအမြန်ဆုံးပြုလုပ်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ လပွတ္တာခရိုင်မီးသတ်စခန်းသို့သွားရောက်၍ လေပြင်းတိုက်ခတ်မှုကြောင့် ဝန်ထမ်းအိမ်ရာ အမိုးလန်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အထက်အဆင့်ဆင့်သို့ တင်ပြ၍ အမြန်ပြုပြင်ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပြီး ပျက်စီးမှုများမှ ဆယ်ယူရရှိသည့် ထုပ်၊ရောက်၊ဒိုင်း၊မြှားနှင့် သွပ်များအား ကြည့်ရှု၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အားပေးစကားများပြောကြားခဲ့ပြီး သွပ်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊မြွေဟောက်ကျေးရွာ အုပ်စု၌ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်ကာ တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် လျာထားစီမံချက်အတိုင်းအောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များကြဲပက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မောင်းဒီးကျေးရွာအုပ်စု၊ဂေါင်းတိုကျေးရွာရှိ အခြေခံပညာမူလန်းကျောင်းလေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဖွင့်ချိန်မတိုင်မီ အမြန်ဆုံးပြန်လည်ပြုပြင်ပေးမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးထံသို့ ဗလာစာအုပ်၊သွပ်၊စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
Read More...
16-May-2023
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“မုန်တိုင်းမဝင်ရောက်မီကပင် တိုင်းဒေသကြီးသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးပြုလုပ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုန့်ပြန်ခြင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်စေရေးစီမံဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းပျက်စီးဆုံးရှုံးမှုများအနေဖြင့် နေအိမ်၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး စာရင်းဇယားများတိကျမှန်ကန်မှုရှိစေရေး စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ဇွန်လ(၁)ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် စာသင်ကျောင်းဆောင် ပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်ရမှာဖြစ်ပါကြောင်းနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီပြုပြင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအင်တိုက်အားတိုက်ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်တွင်လည်း မိုးရာသီရောက်ရှိလာပြီဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တိုးတက်အောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် စကားဝိုင်းများပြုလုပ်ဆွေးနွေးခဲ့ပြီးရည်မှန်းချက်များချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှရေးဆွဲထားသည့် မိုး စပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးစီမံချက်များအား တောင်သူများသိရှိနားလည်လိုက်ပါဆောင်ရွက်နိုင်စေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးနှင့်ပဲတီစိမ်းစိုက်တောင်သူများအားထောက်ပံ့ပေးခဲ့ပြီး တောင်သူများမှအချိန်မီပြန်လည် ပေးသွင်းနိုင်ရေး ကြပ်မတ်ရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ ပုသိမ်ခရိုင်၊ကျုံပျော်ခရိုင်၊ဟင်္သာတခရိုင်၊မြန်အောင်ခရိုင်၊မြောင်းမြခရိုင်၊မအူပင်ခရိုင်၊ဖျာပုံခရိုင်နှင့် လပွတ္တာခရိုင်တို့မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်၊စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းနှင့် ဘာသာရေးအဆောက်အဦ၊ဌာနဆိုင်ရာအဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများ၊ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပြန်လည်ကောက်ခံရရှိမှုအခြေအနေများနှင့် ၂၀၂၃-၂၀၂၄ခုနှစ်၊မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးကြိုတင်ပြင်ဆင်ဆောင်ရွက်မှုနှင့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးပြီးစီးမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြချက်များနှင့် အစည်းအဝေးသို့တက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးခဲ့ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်စေရေးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
15-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးတောင်သူများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးတောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြပြီးနောက် ဒေသခံတောင်သူများက မိုးစပါးစိုက်ပျိုးရေးအတွက် ပြင်ဆင်ဆောက်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့များအနေဖြင့် မြေပြင်အရောက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပညာပေးလုပ်ငန်းများဆောင်ရွက်ကြရန်၊ စီမံချက်များရေးဆွဲ၍ တောင်သူများလိုက်ပါဆောင်ရွက်နိုင်စေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ကြရန်နှင့် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများမှ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာရှိ စပါး- ပဲ- စပါး သုံးသီးတိုးတက်စိုက်ပျိုးထားရှိသည့် တောင်သူဦးကြည်ဝင်း၏ တတိယသီးနှံနွေစပါး(ထွန်းသီရိ)(၁၂)ဧက စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။
ထို့နောက် ပျဉ်ချဆိပ်ကျေးရွာ၊ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ၂၀၂၃ ၂၀၂၄ ခုနှစ်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် မျိုးစေ့ပေးအပ်ပွဲတက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးမှူးတို့မှ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ကြပြီး တောင်သူများမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အထွက်တိုးမျိုးကောင်းမျိုးသန့် မှော်ဘီ(၃)မျိုးစပါးနှင့် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်များပေးအပ်ခဲ့သည်။
ထို့သို့ မိုးစပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးတောင်သူများနှင့်တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးရာသီကာလရောက်ရှိတော့မည်ဖြစ်၍ မိုးစပါးစိုက်ပျိုးခြင်းများကို ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊မိမိတို့ဒေသကြီးသည် လယ်ယာစိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်ပြီး ဒေသအတွင်း ဖူလုံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်လိုအပ်နေပါသေးကြောင်း၊ သို့ဖြစ်ရာ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် အထွက်နှုန်းတိုးစေရေးအတွက် မြေပြင် ခြင်း၊ အထွက်ကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်နည်းစနစ်များဖြင့်စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို အချိုးကျထည့်သွင်းသုံးစွဲခြင်း များဆောင် ရွက်ရမှာဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးနိုင်ရေးရိုးပြက်ကျန်ဧကများတွင် သင့်လျှော်သည့်သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် တစ်သီးမှနှစ်သီး၊နှစ်သီးမှသုံးသီးအထိ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊၂၀၂၃ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် မိုးတော်ရေတော် စိုက်ဧက(၁)သိန်းအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပြီး ၂၀၂၄ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧကအားလုံး ပိုက်ဆံလျှော် အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်ပါကြောင်းနှင့် တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် လျာထားစီမံချက်အတိုင်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန်”ပြောကြားခဲ့ကြောင်းသိရသည်။
Read More...
15-May-2023
နိုင်ငံတော်ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ မြစည်မဟာစည်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏ အားဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာသဘင်အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည်ညိုပူဇော်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့၊မြစည်မဟာစည်သာသနာ့ရိပ်သာ၏ နိုင်ငံတော် “ကမ္မဌာနာစရိယ” ဘွဲ့တံဆိပ်တော်ရ မြစည်ဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ” အားဂုဏဝိသိဋ္ဌဂုဏ်ပြုပူဇာသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရိပ်သာအတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ ပင့်သံဃာအရှင်သူမြတ်များ၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ “ကမ္မဌာနာစရိယ” ဘွဲ့ခံဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ” အားပင့်ဆောင်တော်မူပြီး အခမ်းအနားအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ယင်းနောက် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ဒုတိယဥက္ကဋ္ဌ၊ငါးသိုင်းချောင်းမြို့၊ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဘဒ္ဒန္တသံဝရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့သည်။
ဆက်လက်၍ ကမ္မဌာနာစရိယ ဘွဲ့ခံဆရာတော် “ဘဒ္ဒန္တဝိစက္ခဏ”၏ထေရုပ္ပတ္တိအား အခမ်းအနားမှူးက ဖတ်ကြားပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘွဲ့ခံဆရာတော်ကြီးအား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကာ မြစည်မဟာစည်သာသနာ့ရိပ်သာ၏ လက်ထောက်ကမ္မဌာနာစရိယ ဘဒ္ဒန္တ ဝါယာမိန္ဒ က ဂုဏဝိသိဋ္ဌ၊ထုတိဝေဒလ္လဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီးနောက် အစိုးရအဖွဲ့ဝန်ကြီးများက ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် မြစည်မဟာစည်ဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဝိစက္ခဏထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ရေစက်ချအနုမောဒနာတရားနာကြား၍ အခမ်းအနားအား “နမောတဿ”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
Read More...
15-May-2023
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကွပ်ကဲရေးရုံး၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းဘေးရှောင်ပြည်သူများအားသွားရောက်တွေ့ဆုံအားပေး
Read More...
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ် တုံ့ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးများအဆင့်ဆင့်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ဖွင့်လှစ်ထားရှိသည့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ကွပ်ကဲရေးရုံးတာဝန်ရှိသူများမှ မုန်တိုင်းတိုက်ခတ်စဉ်နှင့် မုန်တိုင်းဝင်ရောက်နိုင်မည့်လမ်းကြောင်းတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ လေတိုက်ခတ်အခြေအနေများနှင့် စား၊ ရေ၊ ရိက္ခာထောက်ပံ့ဆောင်ရွက်ပေးနိုင်မှု၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပစ္စည်းများစုဆောင်းထားရှိမှု၊ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွပ်ကဲရေးရုံးအဆင့်ဆင့်မှ သတင်းတင်ပြချက်များ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်နှင့် ဆက်သွယ်ရေးမပြတ်တောက်စေရေး လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဆိုင်ကလုန်းရှယ်တာနှင့် ဘေးလွတ်ရာနေရာများသို့ ရောက်ရှိနေကြမည့်ပြည်သူများအတွက် စား၊ ရေ၊ ရိက္ခာ၊ ဆေးဝါးများ အခက်အခဲမရှိစေရေးဆောင်ရွက်ပေးရန်၊ ကယ်ဆယ်ရေးလှေများ အသင့်ပြင်ဆင်ထားရှိရန်နှင့် ကမ်းခြေဒေသများသာမက ကုန်းတွင်းဒေသ များအတွက်ပါ အသင့်ပြင်ဆင်ထားရှိရန်လိုပါကြောင်း၊ အရန်ဆက်သွယ်ရေးစနစ်များအား အနီးဆုံးဖြန့်ကျက်ထားရန်လည်းလိုပါကြောင်း၊မုန်တိုင်းသတိပေးချက်အား အနီရောင်အဆင့် သတ်မှတ်ထားပြီးဖြစ်၍ ပေါ့ဆ၍မရပါကြောင်း၊ အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ကွပ်ကဲမှုရုံးများ အနေဖြင့် မုန်တိုင်းအန္တရာယ်မကျရောက်နိုင်မည့်နေရာဖြစ်စေရန်နှင့်စားရေရိက္ခာများ အမိုးအကာများအောက် စနစ်တကျထားရှိရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီး အတွင်းရှိ ဆိုင်ကလုန်းရှယ်တာများ၊ ဘေးလွတ်ရာနေရာများသို့ ပြည်သူများကြိုတင်ရွှေ့ပြောင်းနေမှုအား စနစ်တကျမှတ်တမ်းများ ကောက်ယူထားရှိရန်လိုပါကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ဘောမိကျေးရွာရှိဆိုင်ကလုန်းရှယ်တာရှိ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ အလားတူ ဂျိုင်လယ်ကျေးရွာ၊ဘုရားတောင်ကုန်းပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဘဝတစ်ခုဘောဇနသုခဝိဟာရကျောင်းဆောင်နှင့် မကျီးဇင်ကျေးရွာ တိုက်နယ်ဆေးရုံတို့၌ မုန်တိုင်းဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထိုသို့တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်မှ ကင်းလွတ်စေရေး ဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စား၊ ရေ၊ ရိက္ခါများလည်း ကြိုတင်စုပုံထားရှိပြီးဖြစ်ပါကြောင်း၊ မုန်တိုင်းသတိပေးချက်များလည်း အဆက်မပြက်နားထောင်၍ အကြံပြုချက်များအတိုင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများလည်းဆောင်ရွက်ပေးထားပါကြောင်းနှင့် လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအားမှာကြားထားကြောင်း အားပေးစကားများပြောကြားခဲ့ကြောင်းသိရသည်။
Read More...
13-May-2023