သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် အိမ်မဲမြို့နယ်ရှိ နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေး၊ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်းမောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့ နေ့လည်ပိုင်းတွင် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ နယူးဧရာ(၁) မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဆိတ်ချေးကုန်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံမှ သွင်းအားစုထောက်ပံ့ ငွေဖြင့်ဆောင်ရွက်ပြီး ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ မြေခံထည့်သွင်းစိုက်ပျိုးထားသည့် တောင်သူဒေါ်သန်းထွေး၏ လယ်ဧက(၃)ဧကတွင်ပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက (၁၀)တင်းပိုမိုတိုးတက်ထွက်ရှိစေရေးအတွက် အထွက်တိုး မျိုးစပါးများပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ များမြေခံထည့်သွင်း စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရှိနေပြီဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများတိုးမြှင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးဆက်လက်ဆောင်ရွက် သွားကြရန်ဆွေးနွေးပြောကြားခဲ့ပြီး စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါတောင်သူဒေါ်သန်းထွေး၏ နယူးဧရာ(၁)မျိုးစပါး မိုးစပါး စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၃၄)တင်းထွက်ရှိခဲ့ပြီး အထွက်တိုး မျိုးစပါးများပြောင်းလဲ အသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျ သုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများမြေခံထည့်သွင်းစိုက်ပျိုးခြင်းများအပြင် ရိတ်သိမ်း ခြွေလှေ့စက်မောင်းသင်တန်းဆင်းများမှ စနစ်တကျဖြင့်ရိတ်သိမ်းခြင်းတို့ကြောင့် လေလွင့်မှုများ နည်းပါးကာ အထွက်နှုန်းတိုးခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူ ဦးစိန်မောင်သန်း၏ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း ဧက(၂၀)တွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်(၅)နှစ် မြေခံထည့်သွင်းခဲ့ပြီး ယခုနှစ်တွင် တိုင်းဟိဇီဝမြေဩဇာ တစ်ဧကလျှင် အရည်(၄)လီတာနှင့် အမှုန့်(၃၀) ကီလိုဂရမ် (၁၀)အိတ်ထည့်သွင်းဆောင်ရွက်ခဲ့ပြီး ဧက(၂၀)တွင် ယူရီးယား(၆)အိတ် သာသုံးခဲ့သော်လည်း ယခုနှစ်ထူးခြားချက်များမှာ အပင်အမြင့်ပုံမှန်ထက် (၈)လက်မမှ (၁) ပေ အထိမြင့်ခြင်း၊ တစ်နှံပါအစေ့များလာခြင်း၊ တစ်နှံပါအောင်စေ့များလာခြင်း၊ ကုန်းကျသော နေရာများတွင် အပင်ခြေအထက်(၂)လက်မခန့်မှအမြစ်များ ထပ်မံထွက်ရှိလာခြင်း၊ ပင်စည် တောင့်တင်းခြင်း စသည်ဖြင့်တွေ့ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး၍ စံကွက်ရိတ်သိမ်း ခြင်းပြုလုပ်ချိန်မှတ်တမ်းများနှင့်တကွရှင်းလင်းတင်ပြနိုင်စေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် ပြုလုပ်သည့် အိမ်မဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုး/ဘွားများအား လူမှုရေး ပင်စင်များထောက်ပံ့ပေးခြင်းနှင့် မြို့နယ်အတွင်းရှိလုပ်ငန်းရှင်များစုပေါင်း၍ အာဟာရပြည့် စားသောက်ဖွယ်ရာမျာဖြင့် ပေးအပ်ကန်တော့ခြင်းဖြစ်ပါကြောင်း၊ ဘိုးဘွားများအား အိမ်တိုင် ရာရောက် ထောက်ပံ့ပေးခြင်းများရှိသကဲ့သို့ အုပ်ချုပ်ရေးအဖွဲ့များမှ ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းများလည်းရှိပါကြောင်းနှင့် လိုအပ်သည်များကိုသုံးဆောင်နိုင်ရန်လည်း ဖြစ်ပါကြောင်း၊ အသက်(၈၅)နှစ်ထက် ဘိုးဘွားများသည် ပညာဉာဏ်နှင့် အတွေ့အကြုံများ ရင့်ကျက် သည့်သူများလည်း ဖြစ်ပါကြောင်း၊ ငယ်ရွယ်သူများအပေါ်တွင်လည်း စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် မိမိတို့တတ်သိကျွမ်းကျင်သည့် အသိပညာ၊ ဗဟုသုတများဖြင့် ဆုံးမပဲ့ပြင်ခဲ့သူ များလည်းဖြစ်ပါကြောင်း၊ ဘိုးဘွားများအား သက်ရှည်ကျန်းမာစွာဖြင့် စုံစုံလင်လင်တွေ့ရှိရပြီး ထောက်ပံ့ငွေများပေးအပ်နိုင်သည့်အတွက်လည်း လွန်စွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း” ဂုဏ်ပြုအမှာစကားများပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုရေးပင်စင်၊ ဆန်နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ပြီးနောက် တက်ရောက်လာကြသော သက်ကြီးဘိုး/ဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
Read More...
12-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ အကြို တောင်သူကွင်းသရုပ်ပြပွဲအားတက်ရောက်အားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)မှ ပြသထားသည့် ကမ္ဘာ့စားနပ် ရိက္ခာနေ့အကြို တောင်သူကွင်းသရုပ်ပြပွဲနှင့်သုတေသန ဆောင်ရွက်ထားရှိမှုများကြည့်ရှု အားပေးခဲ့ရာ တာဝန်ခံဒေါ်ဖြူပြာလွင်မှ ၂၀၂၃−၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင်ဆောင်ရွက် ထားရှိသည့် မိုးရေသောက်လယ်စပါး၊ အရည်အသွေးကောင်းစပါး၊ စပ်မျိုးစပါး၊ ရေမြှုပ်ခံစပါးနှင့် ရေနေခံစပါးသုတေသနများ၊ မျိုးကူးစပ်ခြင်းသုတေသန၊ ပေါ်ဆန်းမွှေးစပါးမျိုးများအား မျိုးသန့်လိုင်းရွေးချယ်ခြင်းသုတေသန၊ ပေါ်ဆန်းစပါးစိုက်ချိန်စမ်းသပ်ခြင်းသုတေသန၊ ပေါ်ဆန်း အရည်အသွေးမြှင့်တင်ရေးနှင့် မြေဆီလွှာထိန်းသိမ်းရေးသုတေသန ( ပိုက်ဆံလျှော်+နွားချေး+ သဘာဝမြေဩဇာ) သုတေသနများနှင့်သုတေသနရလဒ်များအား ရှင်းလင်းပြသခဲ့ပြီး ဝန်ကြီးချုပ်မှ ပြောင်းလဲလာသောရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့်အပြင် အထွက်ကောင်း၍စျေးကွက်ရှိသည့် စပါးသုတေသနများ၊ ဆီထွက်သီးနှံသုတေသနများ၊ ဟင်းသီးဟင်းရွက်နှင့် နှစ်ရှည်ပင် သုတေသနများအား ဆောင်ရွက်သွားရန်၊ စပါးသီးနှံသာမက အဓိကသီးနှံ(၁၀)မျိုးကိုလည်း ပန်းတိုင်အထွက်နှုန်းများရောက်ရှိအောင် သုတေသနပြု ဆောင်ရွက်ရန်လိုပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် ရာနှုန်းပြည့် မျိုးစပါးများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်ရန်နှင့် ဆီဖူလုံစေရန်အတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့် ဆီထွက်သီးနှံများ ကိုလည်း တိုးချဲ့စိုက်ပျိုးရန်နှင့်အောင်မြင်အောင်စိုက်ပျိုးနိုင်ရေး သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်စေရေးအတွက် လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း”အမှာစကားများပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ သပြေချောင်ကျေးရွာအုပ်စုရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈)ဘီလီယံမှ သွင်းအားစု ထောက်ပံ့ငွေနှင့် မြမျိုးသန့် သမဝါယမအသင်းပိုင်ရန်ပုံငွေမှ ချေးယူငွေများဖြင့် ဆောင်ရွက်ပြီး ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာမြေခံထည့်သွင်းစိုက်ပျိုးထားသည့်တောင်သူဦး ဦးဝင်းသိန်း ၏ စိုက်ဧက(၃)တွင်ပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (ဆင်းသုခ) မျိုးစပါး စံကွက်ရိတ်သိမ်း ပွဲသို့တက်ရောက်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက မြောင်းမြမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မိုးစပါး(RS to CS)မျိုးစေ့ထုတ်ဧက(၂၀)သီးသန့်စိုက်ပျိုးသည့် တောင်သူများနှင့် စိုက်ဧကများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မျိုးကောင်းမျိုးသန့် မျိုးစပါးများ ရာနှုန်းပြည့်လွှမ်းခြုံနိုင်စေရေးပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ တောင်သူများမျိုးသန့် မျိုးစပါးများတွင်ကျယ်စွာအသုံးပြုနိုင်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့ပြီး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၃) ဧကမျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု များကိုကြည့်ရှုအားပေးသည်။ အဆိုပါတောင်သူဦးဝင်းသိန်း၏ စိုက်ဧက(၃)တွင် ရိတ်သိမ်း ခြွေလှေ့စက်ဖြင့်ရိတ်သိမ်းရာ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၁၁၀)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
Read More...
12-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့စာပေးစာယူ (၂/၂၂) ဒုတိယနှစ်နှင့် (၄/၂၃) ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားအားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပညာရေးဘွဲ့ စာပေးစာယူ (၂/၂၂) ဒုတိယနှစ်နှင့်(၄/၂၃)ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများက“ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပညာရေးဘွဲ့ စာပေးစာယူ(၂/၂၂) ဒုတိယနှစ်နှင့်(၄/၂၃)ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲများကို ပညာရေးဒီဂရီကောလိပ်အသီးသီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းတက်ရောက်လာသည့် ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးဘွဲ့တစ်ခု ကိုလည်း ထပ်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်မြင့်မားလာသည်နှင့်အမျှ သင်ယူမှုအခွင့် အလမ်းများသည်လည်း များပြားလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် နာသုံးနာကိုအခြေခံ၍ ကျောင်းသား ကျောင်းသူများ၏ စွမ်းရည် သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝစေရေးနှင့် လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြသူများဖြစ်ကြပါကြောင်း၊ ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကိုမျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ “ဆရာ” ဟူသည် ရှေးနှစ်ပေါင်းများစွာကတည်းက ယနေ့အချိန်အထိ ဆရာပီသစွာ (Life Long Learner) ထာဝရကျောင်းသားအဖြစ် မိမိကိုယ်ကိုခံယူပြီး အစဉ်လေ့လာသင်ယူမှုကိုမြတ်နိုးတန်ဖိုးထားသူ (Love for Learning) ဘဝတာတစ်လျှောက် အလေးအနက် အစဉ်လေ့လာသင်ယူနေသူ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးကြရန်လည်း လိုပါကြောင်း”တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံ ရယူခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပညာရေးဘွဲ့စာပေးစာယူ(၂/၂၂) ဒုတိယနှစ် နှင့်(၄/၂၃)ပထမနှစ်တို့၏ သင်တန်းဖွင့်ပွဲသို့ မြို့နယ်အလိုက်တက်ရောက်သည့်ဆရာ၊ ဆရာမများ စာရင်းအားတင်ပြခဲ့ပြီး ဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
Read More...
12-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ပေါ်ရှိလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုသိမ်မြို့ ပေါ်ရှိလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မကြာမီပွင့်လင်းရာသီကို ရောက်ရှိလာတော့မည်ဖြစ်၍ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြတော့ မှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ငွေဆောင်နှင့်ချောင်းသာကမ်းခြေခရီးသွား လုပ်ငန်းများအပြင် ဘုရားဖူးခရီးစဉ်များလည်းဖွံ့ဖြိုးသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ဇန်နဝါရီလမှစက်တင်ဘာလအထိ ပြည်တွင်းပြည်ပခရီးသွား (၇) သိန်းကျော် ဝင်ရောက်ခဲ့ပါကြောင်းနှင့် စည်ပင်လိုင်စင်ရယူထားသည့် တည်းခိုခန်းများတွင်လည်း (၄)သိန်းကျော်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း (၁၁) သိန်းကျော်ဝင်ရောက်ခဲ့ပါကြောင်း၊ ကမ်းခြေ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ပုသိမ်မြို့ပေါ်ရှိဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်း များသည်လည်းဖွံ့ဖြိုးလာပါကြောင်း၊ ဟိုတယ်များနှင့် တည်းခိုရိပ်သာများ၏ လျှပ်စစ်လိုအပ် ချက်များအတွက် ဆိုလာစနစ်၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်စနစ်များဖြင့် ဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများအနေဖြင့် လာရောက် တည်းခိုသည့် ခရီးသွားဧည့်သည်များအနေဖြင့် ပေးရသည့်ငွေကြေးတန်ဖိုးနှင့်ညီမျှသည့် ဝန်ဆောင်မှုများ၊ သန့်ရှင်းလတ်ဆက်သည့်အစားအစာများ၊ ဧည့်ဝတ်ကျေပွန်မှုများဖြင့် ဧည့်သည်များစိတ်ကျေနပ်မှုရှိစေရေးဆောင်ရွက်ပေးရန်လိုပါကြောင်း၊ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များကို ထပ်ကာထပ်ကာလာချင်စိတ်များဖြစ်အောင် စိတ်ဝင်စားဖွယ်ရာ များဖြင့်ဆွဲဆောင်ရန်လည်းလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ကြိမ်ထည် ပစ္စည်းများအား ဟိုတယ်များတွင် အသုံးပြုပြသရောင်းချပေးနိုင်ရန်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ဧရာဝတီပေါ်ဆန်းဆန်အပါအဝင် စားသောက်ကုန်များ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင်၊ အုန်းအသုံးပြုလက်မှုပစ္စည်းများသည်လည်း ခရီးသွားများကို ဆွဲဆောင်နိုင်သည့်ပစ္စည်းများဖြစ်ရာ ဒေသထွက်အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင် များအနေဖြင့် အရည်အသွေးကောင်းကောင်း၊ ထုပ်ပိုးမှုပုံစံကောင်းကောင်းဖြင့် မြင်သည်နှင့် ဝယ်ချင်စဖွယ်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လည်းလိုပါကြောင်း၊ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်၍ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် တက်ရောက်လာသူများကလည်း အသေးစိတ်အပြန်အလှန် ဆွေးနွေးပေးကြ စေလိုကြောင်း”အမှာစကားများပြောကြားသည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးမှခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး တက်ရောက်ခဲ့မှုအခြေအနေများနှင့် တွေ့ဆုံပွဲသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Read More...
11-Oct-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ပီလောပီနံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းနေမှုများနှင့် မိုးစပါး စံကွက်ရိတ်သိမ်းနေမှုများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး "ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်း" ဧက (၂၀၀) စံပြစိုက်ခင်းအားကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ရေကြည်မြို့နယ်အတွင်းရှိ ပီလောပီနံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း နေမှုများနှင့် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများအားကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပန်းပုကွင်း ကျေးရွာရှိ တောင်သူဦးကျော်ဝင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက် သည့် ပီလောပီနံစိုက်ခင်း (၁၅)ဧကတွင် မြေပုံစနစ်ဖြင့် စိုက်ပျိုးထားသည့် (၄)လသက်တမ်းရှိ ကိုင်းရှုတ်(ပင်ပြန့်) မျိုးစိုက်ခင်း၊ ကိုင်းရှုတ် (ပင်ထောင်)မျိုးစိုက်ခင်းနှင့် ပန်းကလော/ ကြက်ဥကလော မျိုးစိုက်ခင်းများ၏ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထွတ်တိုးမျိုးများ ပြောင်းလဲစိုက်ပျိုးစေရေး၊ ဘောင်စနစ်ဖြင့်ပြောင်းလဲစိုက်ပျိုးစေရေး ဆောင်ရွက်ရန်နှင့် ပိုမိုအောင်မြင်အောင်ဆောင်ရွက်စေရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ ၏ လယ်(၅.၂၄)ဧကတွင်ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တစ်ဧက (၁၀) တင်းနှုန်းပိုမိုထွက်ရှိ စေရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲသုံးစွဲမှု၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများအချိုးကျသုံးစွဲနိုင်မှု နှင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးမှုတို့ကြောင့် မိုးစပါးအထွက်နှုန်းတိုးလာသည်ကို မြင်တွေ့ နေရပါကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
အဆိုပါ တောင်သူ ဦးနိုင်ဝင်းဆွေ၏ လယ်မြေ(၅.၂၄) ဧကရှိ ဆာဖိုးသာမျိုးစပါးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရာမှ တစ်ဧကလျှင် ပျမ်းမျှ(၁၃၂) တင်းနှုန်း ထွက်ရှိခဲ့သည်။ အဆိုပါ ဦးနိုင်ဝင်းဆွေ၏ လယ်မြေတွင်ယခင်နှစ်က ဆင်းသုခမျိုးစပါးစိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် (၉၈)တင်းထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ဆာဖိုးသာ အထွက်တိုး မျိုးစပါးအားစိုက်ပျိုးခဲ့ရာ တစ်ဧကလျှင် (၁၃၂) တင်းနှုန်းထွက်ရှိခဲ့ပြီး မျိုးပြောင်းလဲခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲ စိုက်ပျိုး ခြင်းကြောင့် အထွက်နှုန်း ပိုမိုထွက်ရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့အနေဖြင့် ဆောင်ရွက်သည့် ရွှေပြည်ဝင်းဆန်စက်၊ ဆန်၊ စပါးရောင်းဝယ်ရေးနှင့် စပါးအခြောက်ခံလုပ်ငန်း သို့သွားရောက်၍ စပါးအခြောက်ခံခြင်း ဆောင်ရွက်နေမှုနှင့် တောင်သူများမှ စပါးများ ပြန်လည်ပေးသွင်းနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည် မြို့နယ်၊ နွားရေတိုက်ကျေးရွာရှိ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး " ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်း" ဧက (၂၀၀) စံပြစိုက်ခင်းရှိ (၇၅) ရက်သား သက်တမ်းရှိပြီဖြစ်သော ပေါ်ဆန်းစပါး စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စားရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ရေကြည်မြို့နယ်၊ မိုးစပါးစိုက်ပျိုးမှု အခြေအနေများအား လည်းကောင်း၊ နွားရေတိုက်ကျေးရွာ အုပ်စုနှင့် မကျီးလဟာကျေးရွာအုပ်စုတို့တွင် ဓါတုကင်းလွတ် ပေါ်ဆန်း စိုက်ပျိုးမှုအခြေအနေများ အားလည်းကောင်း၊ တောင်သူဦးကြည်ခိုင်စိုးမှ မြေဆွေး၊ နွားချေးမှုန့်၊ ဖွဲနု၊ ထုံး၊ ဒရိုင်ဂိုဒါးမား၊ ဟူးမားသဘာဝမြေဩဇာ တို့အားအချိုးကျရောစပ်၍ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနအရာရှိ (တာဝန်ခံ)မှ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှု အခြေအနေများ၊ သဘာဝမြေသြဇာအသုံးပြု စိုက်ပျိုးမှု အခြေအနေများ၊ ပေါ်ဆန်းစပါးမျိုးကွဲများ၏ အထွက်နှင့်အထွက်နှုန်း မိတ်ဖက်လက္ခဏာများ အား သုတေသနဆောင်ရွက်ချက် ရလဒ်များအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါ်ဆန်းစပါး အရည်အသွေး၊ အနံ့၊ အရသာ တိုးတက် ကောင်းမွန်စေရေး၊ တောင်သူအခြေပြု သုတေသန ဆောင်ရွက်လျက်ရှိရာ (၂)နှစ်မြောက် ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝမြေဩဇာအသုံးပြု ဓါတုကင်းလွတ်ပေါ်ဆန်းများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ ခေတ်မီနည်းပညာ အကူအညီ များဖြင့် အနံ့အရသာနှင့်ပြည့်စုံသည့် အရည်အသွေးပြည့် ဆန်များထွက်ရှိစေရေး၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် ရရှိလာသည့်အကျိုးကျေးဇူးများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ အထွက်တိုးသည့် ပေါ်ဆန်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေးနှင့် စိုက်ပျိုးရေး သုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ အဆိုပါ နွားရေတိုက်ကျေးရွာအုပ်စုတွင် ယခင်နှစ်က ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်းအား လယ်ဧက (၃၀)စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် လယ်ဧက (၂၀၀) တိုးတက်စိုက်ပျိုးထားရှိကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းမကြီး၊ မိုင်(၇၄/၅ -၉၆/၅) အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်း ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ လမ်းအနိမ့်အမြင့်ညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီး စေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပုသိမ် - ရန်ကုန် လမ်း (၉၆/၅ - ၁၀၆/၅)(၁၀)မိုင်၊ ကန်ကြီးထောင့်မြို့နယ်အပိုင်းရှိ (၉၆/၅မှ၉၈/၅)မိုင်အတွင်း ကတ္တရာလမ်းပေါက်ဖာထေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများရှင်းလင်းတင်ပြမှုအပေါ် ပွင့်လင်းရာသီတွင် ယာဉ်သွားလာမှုများ ပိုမိုများပြားလာမည်ဖြစ်သဖြင့် လမ်းပိုင်းအလိုက် မပြတ်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။
Read More...
10-Oct-2023