သတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော အရာရှိ၊ စစ်သည်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
Read More...
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော အရာရှိ၊ စစ်သည်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စုပေါင်းပေးပို့လှူဒါန်းသည့် ငါးနီတူခြောက်ကြော်၊ ငါးပိကြော်၊ ငံပြာရည်ကြော် အစရှိသည့် စားသောက်ဖွယ်ရာ စုစုပေါင်း(၁၂၄၇)ပိဿာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူ တစ်ဦးထံသို့ ပေးအပ် လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ စားသောက်ဖွယ်ရာများအား သွားရောက်ပို့ဆောင်မည့် မော်တော်ယာဉ်ပေါ်သို့ တင်ဆောင်နေမှုများကို ကြည့်ရှအားပေးခဲ့ပါသည်။
Read More...
22-Feb-2024
မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့ခြင်း၊ အာရုံခံတန်ဆောင်း တည်ဆောက်ခြင်းအတွက် (ဧကာဒသအကြိမ်)အအလှူငွေပေးအပ်ပွဲကျင်းပ
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော်၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းအတွက် (ဧကာဒသမအကြိမ်) အလှူငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။
အလှူငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ပြုလုပ်သည့် အခမ်းအနားသည် ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော် ရင်ပြင်တော်တိုးချဲ့ခြင်း နှင့် ဘက်စုံမွမ်းမံပြင်ဆင် တည်ဆောက်ခြင်းအတွက် ဧကာဒသမအကြိမ်မြောက် အလှူငွေပေးအပ်ပွဲသို့တက်ရောက်လာသည့် စေတနာရှင်၊ အလှူရှင်များအား ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီးအား နိုင်ငံတဝှမ်းမှ လာရောက်ဖူးမြော်လျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာ ဖူးမြှော်နိုင်ရေးအတွက် ယခုနှစ် တပေါင်းလ ဘုရားပွဲတော်အမီ အချောသတ်လုပ်ငန်းများ ပြီးစီး စေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ပြည့်မီစေရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်ပြင်တော်တိုးချဲ့ ခြင်းနှင့် ဘက်စုံမွမ်းမံပြင်ဆင်တည်ဆောက်ရာတွင် အနယ်နယ်အရပ်ရပ်မှ ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း” ပြောကြား ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်မည့် အခြေအနေ မှတ်တမ်းဗီဒီယိုအား ရှင်းလင်းပြသခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး မိသားစုကလှူဒါန်းသည့် အလှူငွေများကို ပေးအပ်ရာ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွား ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အလှူရှင်များ၊ ကုမ္ပဏီအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ပြင်ပ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စီးပွားရေးရာ ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။
Read More...
20-Feb-2024
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Read More...
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် ဘိုကလေးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီချုပ် ဦးတင်မောင်ဝင်း၊ အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယဥက္ကဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ စာသင်သားများ တက်ရောက်ကြသည်။
ဦးစွာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသင်ပညာရေးနည်းလမ်း ဖြင့် သင်ကြားခွင့်မရရှိခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများကို ကျောင်းပြင်ပ ပညာရေးနည်းလမ်းဖြင့် သင်ကြားပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး (စာမတတ်သူ) စာသင်သားများစာရင်း ကောက်ယူခြင်း၊ စာသင်ဝိုင်းစာရင်းများစုဖွဲ့ခြင်းနှင့် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ် စာရင်းတို့ကိုလည်း ကောက်ယူဆောင်ရွက်ခဲ့ပြီး မြို့နယ်(၅)မြို့နယ်မှ စာသင်သားများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့အထိ အခြေခံမြန်မာစာဘာသာရပ်နှင့် အခြေခံသင်္ချာဘာသာရပ်များကို (၁)ရက်လျှင် ပျမ်းမျှ(၃)နာရီ၊ ရက်အားဖြင့် (၄၀)ရက်၊ နာရီပေါင်း (၁၂၀)ပြည့်မီအောင် သင်ကြားပေးခဲ့ ပါကြောင်း၊ သင်ကြားပြသပေးခဲ့ကြသည့် နည်းပြများ၊ ကြီးကြပ်များနှင့် စာသင်ဝိုင်းများအား အဖက်ဖက်မှကူညီပံ့ပိုးပေးခဲ့ကြသည့် တာဝန်ရှိသူများအားလုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများညီလာခံတွင် ထုတ်ပြန်ထားသည့် အင်ချွန်း ကြေညာစာတမ်းပါ လုပ်ငန်းစဉ်မူဘောင်တွင်ပါရှိသော “သက္ကရာဇ် ၂၀၃၀ ပြည့်နှစ် အရောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်များနှင့် အရွယ်ရောက်ပြီးသူ အမျိုးသားများ၊ အမျိုးသမီးများ အားလုံး အရေး၊ အဖတ်နှင့်အတွက်အချက်တက်မြောက်စေရေး”ဆိုသည့် ဘုံရည်မှန်းချက် ပန်းတိုင်ကို ပြည့်မီနိုင်အောင် မြန်မာနိုင်ငံတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းများရေးဆွဲပြီး နှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ကျေးလက်ဒေသ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး အသိပညာမြင့်မားပြီး စိတ်ဓာတ်နှင့် တွေးခေါ်မှုစွမ်းရည်မြင့်မားလာစေရန် "လူတိုင်းအတွက် ပညာရေး" (Education For All - EFA) စာတတ်မြောက်ရေးလုပ်ငန်းနှင့် နောက်ဆက်တွဲလုပ်ငန်းဖြစ်သည့် စဉ်ဆက်ပညာရေးလုပ်ငန်း ဖော်ဆောင်ရေးတို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ယခုနှစ် ဧပြီလတွင် ဆက်လက်ဆောင်ရွက်သွားမည့် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် မြို့နယ်အားလုံးတွင် ဆောင်ရွက် ရမည့် နိုင်ငံတော်၏ စာတတ်မြောက်ရေးလုပ်ငန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကိုဖွဲ့စည်းပြီး ယခုလကုန်ပိုင်းမှစ၍ စာသင်သား စာရင်းများကောက်ယူခြင်း၊ စာသင်ဝိုင်းများ စုဖွဲ့ခြင်းနှင့် နည်းပြများနှင့် ကြီးကြပ်များကို သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များနှင့် ဌာနဆိုင်ရာများ၏ စေတနာလုပ်အားများကိုရယူ၍ စာတတ်မြောက်ရေးလုပ်ငန်းအတွက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်မှ တာဝန် ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း”အဖွင့်အမှာ စကား ပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းပြင်ပပညာရေးကဏ္ဍ၏ စာတတ်မြောက်ရေးလုပ်ငန်း ပညာပေး “မနီပြုံးနိုင်ပြီ” ဇာတ်လမ်းတိုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မြို့နယ်ငါးမြို့နယ်မှ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် ကြီးကြပ်ပါဝင်ဆောက်ရွက်ခဲ့သည့် မြို့နယ်စာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌများအား ဂုဏ်ပြုလက်မှတ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့နယ်(၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် စေတနာလုပ်အားပေး နည်းပြကြီးကြပ် ကိုယ်စားလှယ် များအား ဂုဏ်ပြုလက်မှတ်များကို ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် မြို့နယ်(၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းတွင် တက်ရောက်သင်ယူခဲ့ကြသည့် စာသင်သားကိုယ်စားလှယ်များအား သင်ယူ ပြီးမြောက်ကြောင်း လက်မှတ်များကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ပေးအပ်ခဲ့ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ယူတတ်မြောက်ခဲ့သည့် စာသင်သားများကိုယ်စား စာသင်သားကိုယ်စားလှယ်တစ်ဦးက ဝမ်းမြောက်စကားများပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြို့နယ် (၅)မြို့နယ်မှ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် သင်ကြားပေးခဲ့သည့် မြို့နယ်အလိုက် စေတနာလုပ်အားပေး နည်းပြ၊ ကြီးကြပ်၊ စာသင်သားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
Read More...
20-Feb-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်၌ကျင်းပသည့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အားကစားခန်းမ၌ (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသူ၊ တိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို သဘာပတိကြီးက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် သဘာပတိမိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ချင်းတိုင်းရင်းသားများ အများစု မှီတင်းနေထိုင်ကြသည့် မြို့နယ်များတွင် ချင်းအမျိုးသားနေ့နှင့် ကောက်သစ်စားပွဲများကို အလှည့်ကျ ပြုလုပ်ပေးခဲ့ရာ ယခုအကြိမ် ချင်းအမျိုးသားနေ့ကို ငပုတောမြို့နယ်တွင် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာ မှီတင်းနေထိုင်သည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ စာပေသင်ကြားရေး၊ ရိုးရာဓလေ့ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ကျင်းပပေးလျှက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်မှု များသည် တိုင်းရင်းသားများ အားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းကြောင့် လည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး စိုက်ပျိုးရေးနှင့်ပတ်သက်၍ စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ ကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြ စေလိုကြောင်း” နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့လာသည့် ချင်းအမျိုးသားနေ့သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ကျင်းပရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ချင်းတိုင်းရင်းသူတစ်ဦးက အခမ်းအနားတွင် ဆင်ယင်ပြသထားသည့် ပစ္စည်းများအကြောင်း ရှင်းလင်တင်ပြခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှု အသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားများ ဆက်လက်ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်း ဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအက များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိ သူများက ဒေသခံတိုင်းရင်းသားများနှင့် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာရှိ တောင်သူဒေါ်မြင့်မြင့်အေး၏ စိုက်ဧက(၃.၃၉)ဧက တွင် စိုက်ပျိုးထားသည့် Super Sun- 41 ဆီထွက်သီးနှံနေကြာ ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထွက်နှုန်းများအား မှတ်တမ်းထားရန်၊ မျိုးရွေးချယ်မှုများ စနစ်တကျဆောင်ရွက်ရန်နှင့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ် - ငပုတောကားလမ်းဘေး၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငပုတောမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ရေငန်တား ယာယီချောင်းပိတ်တမံတည်ဆောက်ခြင်းလုပ်ငန်းများ၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာ ရှိ တောင်သူ ဦးမောင်မောင်စိုး၏ စိုက်ဧက (၄)ဧကတွင် စိုက်ပျိုးထားသည့် (GW - 11) စပါးအား ဓာတ်မြေဩဇာ စုပေါင်းကြဲပက်ပွဲနှင့် ရေငံဓါတ်တိုင်းတာခြင်းနှင့် ဆိုလာစနစ်ဖြင့်ရေတင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေစပါး စိုက်ပျိုးမှုများ များပြားလာသည့်အတွက် တောင်သူများအောင်ရေ ရေချိုလုံလောက်စွာရရှိရေး အလေးထားဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။
Read More...
20-Feb-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့၊ ကျိုက်ပိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ၁၄၀ပေ× ၃၀ပေ RCနှစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ကျောင်းဆောင်သစ်ဆောက်လုပ်သော ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်၏ စာရွက်စာတမ်းများအား ပညာရေး ဌာနသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းဆောင်သစ်ရေရှည် တည်တံ့စေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲဒေါင့်ကျေးရွာရှိ တောင်သူ ဦးမြင့်ဇော်၏ ဆီထွက်သီးနှံနေကြာ super sun-41 ( ၅ )ဧက ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရိတ်သိမ်းချိန်လေလွင့်မှုမရှိစေရေးနှင့် စနစ်တကျမှတ်တမ်းထားဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၁) ရပ်ကွက်၊ ဗန္ဓုလလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ ထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က လမ်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ မော်လမြိုင်ကျွန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေ၊ ပြည်သူလူထုစုပေါင်းထည့်ဝင်ငွေများဖြင့် ဆောင်ရွက်သည့်လမ်းဖြစ်ပြီး လမ်းအရှည် ၁၀၀၀ ပေ၊ အကျယ်၁၆ပေနှင့် ထု ၆လက်မရှိကာ မော်လမြိုင်ကျွန်းမြို့တွင်း လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ္တလုပ်ကြီးကျေးရွာရှိ တောင်သူဦးသိန်းကြွယ်၏ ဆီထွက်သီးနှံ နေကြာ ရေဆင်း-၂ ( ၅ )ဧက ဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများ စနစ်တကျဆောင်ရွက်စေရေး၊ နေကြာပွင့်များအား အရွယ်အစားအလိုက် မှတ်တမ်းထားရှိဆောင်ရွက်စေရေးနှင့် အောင်မြင်အောင်ဆောင်ရွက် စေရေး မှာကြားခဲ့သည်။
Read More...
19-Feb-2024