ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ၂၀၂၂ခုနှစ် ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းအချိန်တွင် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးတင်မောင်းဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအကအဖွဲ့များတက်ရောက်ကြပါသည်။
ရှေးဦးစွာ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မင်္ဂလာအခါတော် စာတမ်းဖတ်ကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ကြောင်းကြေငြာပေးခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့တာဝန်ရှိသူများမှ အခမ်းအနားအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ယိမ်းအကအဖွဲ့များမှ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေးဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ယိမ်းအဖွဲ့များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား အမွှေးနံ့သာရည်များပတ် ဖြန်းပေးခဲ့ကြပြီး ယိမ်းအဖွဲ့များ၏ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကာ ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြပါသည်။
မြန်မာသက္ကရာဇ် ၁၃၈၃ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၁၀ခု၊ ပြိုင်ယိမ်းအဖွဲ့ ၁၈ဖွဲ့၊ ဖျော်ဖြေရေးယိမ်းအဖွဲ့ ၁၁ဖွဲ့တို့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။