ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်မည့်  စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပရေး နာယက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတ်မှတ်ထားသောစည်းကမ်းချက်များအတိုင်း ကျင်းပသွားမှာဖြစ်ကြောင်း အခမ်းအနားများအား သေသေသပ်သပ်စနစ်တကျရှိစေရေးဆောင်ရွက်ရန်၊ သက်ဆိုင်ရာကော်မတီများအလိုက် လုပ်ငန်းအစီအမံများအား အောင်မြင်အောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ပြီးနောက် ကျင်းပရေး ဦးစီးကော်မတီ တွဲဘက်အတွင်းရေးမှူး၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးတင်ပြခဲ့ပြီးကော်မတီများအလိုက်ဆွေးနွေးတင်ပြကြပါတယ်။

ထို့နောက်အထွေထွေဆွေးနွေးတင်ပြခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပရေး နာယက၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

10-Nov-2021