ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ မြောင်းမြပညာရေးကောလိပ် တို့၏ နည်းပြ၊သရုပ်ပြနှင့် အခြေခံပညာဆရာ၊ဆရာမသစ်လွင်များ နှင့်တွေ့ဆုံပွဲ၊ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံမှု၊ မျိုးစေ့ထုတ်စိုက်ခင်းမျိုးကွဲနှုတ်ပယ်ပွဲများ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများ နှင့်အတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ ကျင်းပသော အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များနှင့်တွေ့ဆုံပွဲ တက်ရောက်ခဲ့ပါတယ်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာမှာ-“ဆရာ၊ဆရာမများ အနေဖြင့် ပညာလည်းသင် ၊ လူကိုလည်းပြင်ရန်၊ စေတနာ၊ဝါသနာ၊အနစ်နာစသည့် နာသုံးနာကိုအခြေခံ၍ စံနမှုပြများ၊ဂရုဏာရှင်များ၊စာဖတ်နာသူများဖြစ်ကြရန်၊ ဆရာ၊ ဆရာမ များ၏ စွမ်းဆောင်ရည်နှင့်အရည်အသွေး မြင့်မားစေရေးအတွက်စဉ်ဆက်မပြတ် ကြိုးစားကြရန်၊ ဆရာကျင့်ဝတ်နှင့်အညီ ပြုမူနေထိုင်ကြရန်၊နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများ ၊ ဝန်ထမ်းကောင်းများဖြစ်ရေးကြိုးစားသွားကြရန်" စသည်ဖြင့် ပြောကြားခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းတက်ရောက်သည့်ဆရာ၊ ဆရာမများ အတွက်ထောက်ပံ့ကြေး ငွေကျပ် (၄၀)သိန်းအား ဝန်ကြီးချုပ်ကထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပါတယ်။ အဆိုပါ ဘိုကလေးပညာရေး ဒီဂရီကောလိပ်တွင် စုစုပေါင်း (၂၃၄)ဦး တက်ရောက် လျှက်ရှိပါတယ်။ ဆက်လက်၍ အစည်းအဝေးခန်းမဆောင်တွင်  ကျောင်းအုပ်ကြီး၊ဆရာ/ ဆရာမများနှင့်တွေဆုံခဲ့ပြီး  ကျောင်းအုပ်ကြီးမှသင်တန်ဖွင့်လှစ်နေသည့် အခြေအနေမှုများ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်မှ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကျောင်းစာသင်ခန်းပြင်ဆင် ထားရှိမှု၊ကျောင်းအားကစားခန်းမတည်ဆောက်နေမှု၊ ကျောင်းစာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှုအားလိုက်လံကြည်ရှုခဲ့ပါတယ်။ ထို့နောက် မဟာအောင်တော်မူဘုရားကြီးတန်ဆောင်းတွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံပေးနေမှုအား ကြည့်ရှု အားပေးခဲ့ပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊အူကျွန်းကျေးရွာ၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ တောင်သူ ဦးဘမြင့် ၏ကွင်းအမှတ် (၁၀၁၅) ၊ ဦးပိုင် (၅၁/၆)၊ ပေါ်ဆန်းရင်(၃)ဧကမျိုးစေ့ထုတ်စိုက်ခင်းရင့်မှည့်ချိန်တွင် မျိုးကွဲနှုတ်ပယ်ခြင်း သရုပ်ပြပွဲအား တက်ရောက်အားပေးခဲ့ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာသီရိခန်းမ၌ကျင်းပသော တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များတွေ့ဆုံပွဲသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းတက်ရောက် သည့် ဆရာ၊ ဆရာမများ အတွက် ထောက်ပံ့ကြေး ငွေကျပ် (၃၅)သိန်းအား ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပါတယ်။ အဆိုပါ မြောင်းမြပညာရေး ဒီဂရီကောလိပ်သို့သင်တန်းသား သင်တန်းသူစုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ပါတယ်။ ဆက်လက်၍ အစည်းအဝေးခန်းမတွင် ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ/ဆရာများနှင့်တွေ့ဆုံခဲ့၍ဒုတိယကျောင်းအုပ်ကြီးမှကျောင်းလုပ်ငန်းဆိုင်ရာများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချူပ်မှလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးသင်တန်းသား အိပ်ဆောင်များနှင့် သင်တန်းအိပ်ဆောင်(၁၇၉ပေ×၃၆ပေ×၄ထပ်) ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

10-Nov-2021