ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ကျွန်းကုန်းတံတားနှင့် ပမ္မဝတီတံတား(မြင်းကဆိပ်) တည်ဆောက်နေမှုအားကြည်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နေလည်ပိုင်းတွင် လမ်းအမှတ်၁၀၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြလမ်းရှိ ကျွန်းကုန်းတံတားတည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကျွန်းကုန်းပင်မ တံတားလူသွားလမ်းလုပ်ငန်းလက်ရန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ချည်းကပ်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီးတံတားတစ်စင်လုံး(၉၂)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရှိရပါတယ်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖွဲ့သည် ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းရှိ ပမ္မဝတီတံတား(မြင်းကဆိပ်)ဆောက်လုပ်ရေးခွင်သို့ရောက်ရှိ၍ ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး မြောင်းမြဘက်ခြမ်း ရေလယ်တိုင် Bored Pile လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးမှုနှင့် ပုသိမ်ဘက်ခြမ်းရေလယ်တိုင် Bored Pile လုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဆိုပါတံတားအား ဆောက်လုပ်နေမှုမှာ၂-၁၀-၂၀၂၀ရက်နေ့တွင်စတင်ဆောက်လုပ်ရာယနေ့အထိ  ၃၁ ရာခိုင်နှုန်း​ ဆောက်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

10-Nov-2021