ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် သက်ကြီးလူမှုအားမာန်(ISHGS)အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်၊နံနက်(၁၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး၊ ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည့် လူမှုအားမာန်(ISHGS)အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီကျင်းပပြုလုပ်ခဲ့ပါသည်။ 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လူမှုအားမာန်အဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် လူမှုအားမာန်အဖွဲ့ဥက္ကဋ္ဌ ဦးစောဘောမူဒိုက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူမှုအားမာန်အဖွဲ့များမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိပုသိမ်မြို့နှင့် ရွှေသောင်ယံမြို့အစရှိသော လူမှုအသင်းအဖွဲ့ပေါင်း(၂၄)ဖွဲ့ကို တစ်ဖွဲ့လျှင် (၁၀)သိန်းနှုန်း ဖြင့်ထောက်ပံ့ငွေ (ကျပ်သိန်းနှစ်ရာ့လေးဆယ်ကျပ်တိတိ) အားထောက်ပံပေးအပ်ခဲ့ရာသက်ဆိုင်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုအားမာန်အဖွဲ့ပေါင်း(၆၃)ဖွဲ့ရှိရာ ကျန်ရှိသည့်အဖွဲ့များကို ဆက်လက်ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

07-Sep-2021