ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် မြောင်းမြမြို့သို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ရဲမှူးကြီးတင်ဇော်ထွန်း၊   ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ လိုက်ပါလျှက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ (၅)ရက်နေ့ မွန်းတည့်အချိန်တွင် မြောင်းမြမြို့ထွက်ခွာခဲ့ရာ ပုသိမ်-မြောင်မြလမ်းမပေါ်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် စီမံကိန်းခန့်မှန်းတန်ဖိုး ၆၆၀၀ ကျပ်သန်းကုန်ကျခံကာ တည်ဆောက်လျှက်ရှိသော ပမ္မဝတီတံတား(မြင်းကဆိပ်)၏ လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားအထူးအဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့/ပြ)ဦးရဲနိုင်ဦးမှ တံတားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ တောင်သူဦးသိန်းဆိုင်ထွန်း၏ ဆင်းသုခမိုးစပါးစိုက်ခင်းတွင် စုပေါင်းမြေဩဇာကြဲပက်ပွဲသို့ ရောက်ရှိခဲ့ရာ မြောင်းမြမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ကိုနိုင်က ၂၀၂၁ခုနှစ်၊ မိုးစပါးရာသီတွင် စံပြကွက်/စမ်းသပ်ကွက်များဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်းမြေဩဇာကြဲပက်ပွဲကို ကြည့်ရှုအားပေးကာ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်းများ၊ ယူရီးယားနှင့်မြေဆွေးရောစပ်အသုံးပြု၍ စိုက်ပျိုးခြင်းဖြင့်ရရှိလာသော အကျိုးကျေးဇူးများကို သိရှိပြီးလိုက်နာဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ကျင်းပသော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြောင်းမြခရိုင်ဆန်စက်ပိုင်ရှင်များ၊ မြို့မိ/မြို့ဖများ၊ ဌာနဆိုင်ရာများပူးပေါင်းစီစဉ်ကျင်းပသည့် မြောင်းမြခရိုင်အတွင်းရှိ ဝါဆိုဝါကပ်သီတင်းသုံးတော်မူကြသော ဆရာတော်၊ရဟန်း၊သာမဏေနှင့်သီလရှင်များအား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြောင်းမြမြို့ နိုင်ငံတော်ဗဟိုဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊အလယ်တောရဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကာ ကြွရောက်လာသော ဆရာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ချီးမြှင့်တော်မူပြီးနောက် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ဆီ၊ဆား၊ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုအခမ်းအနားရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သ ည်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ကာ ကျောင်းအုပ်ဆရာမကြီးနှင့်အဖွဲ့အားတွေ့ဆုံ၍ ကျောင်းတွင်လိုအပ်သော အခက်အခဲများအားရှိပါက တင်ပြသွားရန်မှာကြားခဲ့ပြီးနောက် မြောင်းမြခရိုင်ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပါတယ်။ ထို့နောက် ဆေးရုံတွင်အသုံးပြုရန် FACE MASK အခု ၆၀၀၀ ၊ Remdesivir for Injection 120 တို့အား ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် မြောင်းမြမြို့ ဘောလုံးကွင်းအားကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူမှ အားကစားကွင်းတွင် လက်ရှိပြုပြင်ထိန်းသိမ်းပြင်ဆင်လျှက်ရှိသည်များကိုတင်ပြရာ ဝန်ကြီးချုပ်မှ အားကစားများအဆင့်မြင့်အောင်ကြိုးစားဆောင်ရွက်ရေ းလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

05-Sep-2021