ပုသိမ်မြို့၊မြို့တော်ခန်းမနှင့် အထက(၁)ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှုခြင်း

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမနှင့် အ.ထ.က(၁)ကျောင်းတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှု့အားပေးခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး   ရဲမှူးကြီးတင်ဇော်ထွန်း၊   တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ခရိုင်၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့နှင့်အတူ လိုက်လံကြည့် ရှုအားပေးခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊မြို့တော်ခန်းမသို့ရောက်ရှိပြီး မြို့နယ်ကျန်မာရေးဦးစီးဌာနမှဦးစီးမှူး ဒေါက်တာတင်ဝင်းအောင် ဦးစီးသောကာကွယ်ဆေးထိုးနေမှုအဖွဲ့၏ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအားကြည့်ရှုအားပေးပါတယ်။ ဆက်လက်ပြီး ပုသိမ်မြို့ အ.ထ.က(၁)  ကျောင်း ရတနာတန်ဆောင်ခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာမို့မို့လွင် ဦးစီးသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေမှုကို ကြည့်ရှု့ကာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားသော်လည်း ကျန်းမာရေးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များကို ဆက်လက်လိုက်နာသွားရန် လိုအပ်ကြောင်းနှင့် ကာကွယ်ဆေးကို ဇူလိုင်လ လကုန်ရက်နှင့် ဩဂုတ်လ လဆန်းပိုင်းက ပထမအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးသူများအား ရပ်ကွက်အလိုက် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပြီးပါက အထောက်အထားလက်မှတ် (Certificate)ပေးသွားမှာဖြစ်ကြောင်း အားပေးစကားပြောကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

05-Sep-2021