ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာနှင့်စက်ရုံများ၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ (၁) ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့်တိုင်းဒေသကြီးအတွင်းရှိစက်ရုံများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ ပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး  ဦးတင်အေး၊တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် စက်ရုံများမှ စက်ရုံမှူးများတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အမှတ်(၅)ဓါတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)မှ စက်ရုံမှူး ဦးသက်မင်းထွန်းက Boiler Start Up ပြုလုပ်ပြီး Schedule အရ အမိုးနီးယားစက်ရုံ အဆင်ဆင့်စတင်လည်ပတ်မည့်အကြောင်းနှင့် ယူရီးယားများထုတ်လုပ်မှုကိုလည်း စတင်သွားမည့် အကြောင်းကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် လျှပ်စစ်ဓာတ်မားဖြန့်ဖြူးရေးလုပ်ငန်းမှ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးထင်ကျော်က တိုင်းဒေသကြီးအတွင်းလျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့ပါသည်။

ဆက်လက်ပြီး အမှတ်(၃၆)အကြီးစားမှန်စက်ရုံမှ စက်ရုံမှူးဦးကိုကြည်က စက်ရုံပြန်လည်လည်ပတ်နိုင်ရေးခိုင်မာသော ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး မှန်အပြင်အခြားသောစီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်ပြီး နှစ်ရှည်ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် စက်ရုံ ဆိုင်ရာအချက်အလက်များပေးပို့ဆောင်ရွက်ထားပြီးဖြစ်ကြောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက်အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)မှ စက်ရုံမှူးဦးသိန်းဇော်ဦးကလည်း စက်ရုံ ပြန်လည်လည်ပတ်လျှင် လိုအပ်မည့်အချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ပြီးနောက်အမှတ်(၃၂)အကြီးစားဘိလပ်မြေစက်ရုံ(ကြံခင်း)မှ စက်ရုံမှူး ဦးဝင်းနိုင်က ထုံးကျောက်တောင်၊ သံတောင်နှင့် နတ်မီးတောင်ဆိုင်ရာများအကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျှက်ရှိကြောင်း Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

အဆိုပါရှင်းလင်း တင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်  တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကစက်ရုံအလုပ်ရုံလုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သင့်သောလုပ်ငန်းများအား အမြန်ဆုံးတင်ပြဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

01-Sep-2021