ပုသိမ်မြို့၊အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေးခြင်း

ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်မြို့သန့်ရှင်းသာယာလှပရေးအတွက် ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များ၊ ပန်းခြံများ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းဘေးဝဲယာနှင့် စာသင်ကျောင်းများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ (၁) ရက်နေ့၊ နံနက်(၀၈၀၀) နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ)ဦးသက်လေးဦး၊ ဦးဆောင်သောဆရာ/ဆရာမများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ/အရာခံ/အကြပ် စစ်သည်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့တို့မှ စုစုပေါင်းအင်အား (၁၁၉)ဦးတို့ဖြင့် ကျောင်းဝန်း အတွင်းရှိ ခြုံနွယ် ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် နေမှုများကို ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ရေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်းဌာနချုပ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ လုပ်အားပေးဆောင်ရွက် နေကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကိုလိုက်လံကြည့်ရှုခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ကျောင်းကြီးကို ဥပဓိရုပ်ကောင်းမွန်ရေးနှင့် စာသင်ဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ်သွားကြရန်အတွက် ကျောင်းပရဝုဏ်အတွင်းအား လှည့်လည်ကြည့်ရှရန် မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

01-Sep-2021