ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်သည် ညောင်တုန်းမြို့၊ ညောင်ချောင်းသာဖွင့်ပွဲအခမ်းအနားတက်ရောက်

တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်သည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးစံမင်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့်အတူ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ ညောင်ချောင်းသာဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီမြစ်ဘေးရှိ ညောင်ချောင်းသာကမ်းခြေတွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ၊ ဒုဥက္ကဌ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ ညောင်တုန်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ညောင်ချောင်းသာကမ်းခြေအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ်းခြေတွင် ရောင်းချလျက်ရှိသော စျေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ညောင်တုန်းမြို့ တောင်ညိုပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး တောင်ညိုကျောင်းတိုက်ဆရာတော်နှင့် စာသင်သားများအား ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

 


09-Feb-2017