ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များ တိုင်းဒေသကြီး သမဝါယမသင်တန်းကျောင်းတွင် COVID-19 Quarantine Center ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ပုသိမ် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသို့ သွားရောက် စစ်ဆေးကြည့်ရှုခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ သမဝါယမသင်တန်း ကျောင်းရှိ COVID-19 Quarantine Center  ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်းမှ  COVID-19 ရောဂါ သံသယလူနာများ ထားရှိရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ သံသယလူနာများ အတွက် နေထိုင်မှုအဆင်ပြေ ချောမွေ့စေရေးနှင့် အဆောက်အဦပတ်ဝန်းကျင်သန့်ရှင်းရေးတို့အား အလေးထား ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ပုသိမ် မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသို့ သွားရောက်ခဲ့ရာ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်မှ မျိုးစေ့သန့်စင်မှုစစ်ဆေးခြင်း၊ မျိုးစေ့အပင်ပေါက်စစ်ဆေးခြင်းများအား လက်တွေ့ သရုပ်ပြရှင်းလင်းခြင်း၊ မြေဓာတ်ခွဲဌာန လက်ထောက်ဦးစီးမှူး နန့်အိသဉ္ဇာမှ မြေချဉ်ငံဓာတ်တိုင်းတာခြင်း၊ ရေအငံဓာတ်တိုင်းတာခြင်း၊ ဓာတ်မြေသြဇာအရည်အသွေး စစ်ဆေးခြင်းများအား ရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ရီမြင့်မှ စပါးသီးနှံပင်များပေါ်တွင် ကျရောက်တက်သော ပိုးမွှားအမျိုးအစားများ၊ အပင်များတွင်ဖြစ်ပွားတတ်သောရောဂါများနှင့် အကျိုးပြု ပိုးမွှားများမွေးမြူမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ ခရိုင်/မြို့နယ်များမှတစ်ဆင့် တောင်သူ လယ်မားများထံသို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ပညာပေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

18-Jun-2021