ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၇)ရက်နေ့ ၊ (၁၅၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့  ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊  ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်း​ဒေသကြီးစီမံအုပ်ချုပ်​ရေး​ကောင်စီတာဝန်ယူသည့်ကာလအတွင်း ဘာသာ​ရေး​ခေါင်း​ဆောင်များနှင့် ​တွေ့ဆုံခြင်းမှာဒုတိယအကြိမ်ရှိပြီဖြစ်​ကြောင်း၊ ဘာသာ​ရေး​ခေါင်း​ဆောင်များမှ မိမိတို့ဘာသာအလိုက် အခမ်းအနားများပြုလုပ်ကြရာတွင် ထုတ်ပြန်ထားရှိသည့် COVID-19 ​ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်​ရေးညွှန်ကြားချက်များနှင့်အညီ ​ဆောင်ရွက်ကြရန်နှင့် ဘာသာဝင်များကိုလည်း ဘာသာ​ရေးကိုအသုံးချ၍ ​သွေးခွဲလှုံ့​ဆော်မှုများအ​ပေါ်လိုက်ပါမှုမရှိ​စေ​ရေး မှာကြား​စေလို​​ကြောင်း ​ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ ဆွေးနွေးပြောကြားရာတွင် ​ဒေသတစ်ခုတည်ငြိမ်​အေးချမ်း​အောင်​ဆောင်ရွက်ရာတွင် ၎င်း​ဒေသတည်ငြိမ်​အေးချမ်းရန်လိုအပ်​ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာအလိုက်လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပါ​ကြောင်း၊ ဘာသာတိုင်းသည် ​မေတ္တာတရားကိုအ​ခြေခံ၍ ကိုးကွယ်​လျက်ရှိ​ကြောင်း၊ ယခုနိုင်ငံတစ်ဝှမ်းတွင် အဖျက်အ​မှောင့်လုပ်​ဆောင်သူများက လူမျိုး​ရေး၊ ဘာသာ​ရေးကိုအသုံးချ၍ လူငယ်လူရွယ်များကို ​သွေးထိုးလှုံ့​ဆော်မှုများ ပြုလုပ်​နေသည့်အတွက် တက်​ရောက်လာသည့်ဘာသာ​ရေး​ခေါင်း​ဆောင်များက မိမိတို့ဘာသာအလိုက်​ ဆွေး​နွေး​ပြောကြားကြ​စေလို​ကြောင်း၊ နိုင်ငံသားတိုင်းတည်ဆဲဥပ​ဒေများကိုလိုက်နာကြရမည်ဖြစ်​ကြောင်း၊ ဘာသာကြီး(၄)မျိုးကိုအသုံးချ၍ ​သွေးခွဲမှုများ​ပေါ်​ပေါက်လာပါက ပွင့်ပွင့်လင်းလင်း​ဆွေး​နွေးတိုင်ပင်​ဆောင်ရွက်ကြရန်လိုအပ်ပါ​ကြောင်း၊ ဘာသာ​ရေးအ​ဆောက်အဦများတွင် လုံခြုံ​ရေးအရ CCTV များတပ်ဆင်ခြင်း၊ လုံခြုံ​ရေးအ​စောင့်များထားရှိခြင်းတို့​ဆောင်ရွက်ကြရန်လိုအပ်ပါ​ကြောင်း ​ပြောကြားခဲ့ပါသည်။
ထို့​နောက် ဘာသာအလိုက် တက်​ရောက်လာသူများမှ ​ဆွေး​နွေးတင်ပြကြရာ တိုင်း​ဒေသကြီး​စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဌနှင့် တိုင်းမှူးတို့မှ လိုအပ်သည်များကို ညှိနှိုင်း​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

17-Jun-2021