ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်တံတား အမှတ် (၂) တည်ဆောက်နေမှုအားသွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လရက် (၁၂)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ပုသိမ်တံတား အမှတ် (၂) တည်ဆောက်နေမှုအားသွားရောက်ကြည့်ရှုခဲ့ပါသည်။ ရှေးဦးစွာ တံတားတည်ဆောက်ရေးရှင်းလင်းဆောင်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့အား တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများမှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားတည်ဆောက်ပြီးစီးမှုအခြေအနေအားလှည့်လည်ကြည့်ရှုခဲ့ပါသည်။

Photo by : Wai Zin

30-Nov--0001