ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဝါးခယ်မတံတားနှင့် ရွှေလောင်းတံတားတို့အား တည်ဆောင်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ သွားရောက် ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောလမ်းပန်းဆက်သွယ်ရေးကဏ္ဍအား အထူးအလေး ထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၈ရက်နေ့ နံနက်(၁၀၃၀)နာရီအချိန် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောင်မြခရိုင်အတွင်းရှိ ဝါးခယ်မတံတား အဆင့်မြှင့်တင်တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု့ခဲ့ပြီး တံတားရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တံတားတည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါတံတားမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့မှာ စတင်ကာ တံတားဟောင်း ဖြုတ်သိမ်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပြီးနောက် တံတားအဆင့်မြှင့်တင် တည်ဆောက် ရေးလုပ်ငန်းများကို ဆောက်ရွက်ခဲ့ကာ လက်ရှိအချိန်တွင် ၉၈%( ရာခိုင်နှုန်း) ပြီးစီးပြီဖြစ်ပြီး အဆင့်မြှင့်တင်တည်ဆောက်တဲ့တံတားအမျိုးအစားမှာ သံကူကွန်ကရစ်တံတား အမျိုးအစား ဖြစ်ကာ အရှည် ၃၀၂၀ ပေ၊ အကျယ် ၃၀.၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွား လမ်းအကျယ် တစ်ဖက် ၃ပေစီ၊ ရေကင်းလွတ်အမြင့် ၃၆ ပေ နဲ့ တံတား၏ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ပါသည်။ အဆိုပါတံတားကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်တာ ဖြစ်ပြီး ခန့်မှန်းခြေတန်ဖိုး (၆၆၄၅)သန်းရှိကာ ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှ စတင်ကာ တံတားပေါ်ဖြတ်သန်းသွားလာခွင့်ပြုသွားမည် ဖြစ်ပါသည်။

အဲဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည့် ရွှေလောင်းတံတား အဆင့် မြှင့်တင်တည်ဆောက်မှု အခြေများနဲ့ပတ်သက်ပြီး သွားရောက်ကြည့်ရှူစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက တံတားတည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ပတ်သက်၍ အသေးစိပ်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီး များက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါတံတား အဆင့်မြှင့်တင်တည်ဆောက်မှုမှာ လက်ရှိအချိန်ထိ ပြီးစီးမှု ၈၆ % (ရာခိုင်နှုန်း) ရှိပြီး တံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ကာ အရှည် ၁၉၀၀ ပေ၊ တံတားအကျယ် ၃၀.၅ ပေ၊ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း ၂ဖက် တစ်ဖက်လျှင် ၃ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၂၉.၅၂ ပေ၊ တံတား၏ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ပါတယ်။ အဆိုပါတံတားကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည် ဆောက်တာ ဖြစ်ပြီး ခန့်မှန်းခြေတန်ဖိုး ၅၄၃၅.၇၀ သန်းရှိကာ တံတားပေါ်ဖြတ်သန်းသွားလာခွင့်ကို ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ခွင့်ပြုသွားမည် ဖြစ်ပါသည်။

+4

30-Nov--0001