ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် COVID -19 ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ သို့ သက်န်းMaskများ၊ ခြေနင်းလက်ဆေးကန်များနှင့်အဝတ် Mask များပေးအပ်လှူဒါန်းပွဲနှင့် (၁၄/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင်တိုင်းဒေသကြီး Coronavirous Diseas 2019 (COVID - 19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီ သို့ အထောက်အကူပြုပစ္စည်းပေးအပ်လှူဒါန်းပွဲနှင့် (၁၄/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် (၁၆)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင် အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး(COVID -19)ထိန်း
ချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းကြရာ.ပုသိမ်မြို့၊ ပရိယတ္တိစာသင်တိုက်များတွင် သီတင်းသုံးနေထိုင်လျက်ရှိကြသော.သံဃာအပါး (၁၃၀၀)အတွက် ကိုကျော်ကျော်+မမီမီထွေး Aung Electronic မိသားသားစုမှ သင်္ကန်း Mask (၂၆၀၀)ခုနှင့် ခြေနင်းလက်ဆေးကန် (၁၀) ခု၊ Dong Long(ပုသိမ်)Garment Co.,Ltd မှ အဝတ် Mask (၁၈၀၀၀)ခု၊Myanmar Knitting Factory Limited (ပုသိမ်မြို့)မှ အဝတ် Mask (၁၅၀၀၀)ခု၊ Hakers Enterprise(Myanmar) Co.,Ltd (ပုသိမ်မြို့)မှ အဝတ် Mask (၁၅၀၀၀)ခု၊ Huabo Times Textile and Clothing Co.,Ltd မှ အဝတ် Mask (၁၅၀၀၀)ခု၊ Chia Moon Sports(Myanmar) Co.,Ltd မှ အဝတ် Mask (၁၅၀၁၀) ခု၊ He Shan(Myanmar)Garment Co.,Ltd မှအဝတ်Mask (၁၅၀၁၀)ခု၊ Amava Apparel Co., Ltd(ပုသိမ်မြို့)မှ အဝတ်Mask (၁၃၉၉၀)ခု၊ North Shore Group Co., Ltd (ပုသိမ်မြို့)မှ အဝတ် Mask (၁၃၀၀၀)ခုတို့ကို ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် အစည်းအဝေးကိုဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က လူဦးရေ (၆၄)သိန်းတွင် ပိုးတွေ့သူ (၂)ဦးသာရှိကြောင်း၊ အစိုးရအပါအဝင် ကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ Volunteer များ၊ အလှူရှင်များ၊ အားလုံးပူးပေါင်းပါဝင်မှု၊ ညီညီညွတ်ညွတ် ဆောင်ရွက်မှုကြောင့် အောင်မြင်ခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးအသိနှင့် ပူးပေါင်းပါဝင်ခြင်းကြောင့် အောင်မြင်ရခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများထက် သေဆုံးမှုနည်းရခြင်းမှာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသောကြောင့်ဖြစ်ကြောင်း၊ ကာကွယ်ရေး၊ ကုသရေး အဓိက ထားဆောင်ရွက်ရသလို၊ ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုကောင်းသောကြောင့် ရောဂါဖြစ်ပွာမှုနည်းရခြင်းဖြစ်ကြောင်း၊ ပိုးတွေ့မှု နည်းလာသော်လည်း ပေါ့ဆ၍မရသေးကြောင်း၊ ဆက်လက်၍ ဆောင်ရွက်ဖို့လိုကြောင်း၊ ကျောင်းများနှင့်ပတ်သက်၍လည်ဆွေးနွေးကြရန် ပြောကြားကြားခဲ့ပါသည်။

၎င်းနောက် COVID -19 ထိန်းချုပ်ရေးနှင့်အပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့အစည်းအဝေးအပေါ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ကော်မတီလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ COVID -19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသောဌာနဆိုင်ရာများက ဆွေးနွေးတင်ပြကြသည်။ ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

Photo By : Wai Zin

30-Nov--0001