ဧရာဝတီတိုင်းဒေသကြီးအဆင့် (COVID -19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် ယာယီဈေးနှင့် မြို့ဝင်စစ်ဆေးဂိတ်သို့ သွားရောက်ကြည့်ရှု့၊ စစ်ဆေး၊ အားပေး၊ ဂုဏ်ပြု၊ လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ကော်မတီဝင်များဖြစ်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် လွတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့သို့ သွားရောက်ခဲ့ပြီး လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် ကျောင်းကုန်းမြို့၊ ကမ်းနာလမ်း တွင်ဖွင့်လှစ်ထားရှိသည့် ယာယီဈေးအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဈေးသူဈေးသားများနှင့်ဈေးဝယ်ပြည်သူများအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဝတ် Mask ၅၀၀ နှင့် တစ်ခါသုံး Mask ၅၀၀ တို့အား ဖြန့်ဝေလှူဒါန်းခဲ့ပြီး တာဝန်ရှိသူများအား စနစ်တကျဈေး ရောင်းဝယ်နိုင်ရေးနှင့် အကာအကွယ်မဲ့ ဈေးရောင်းဈေးဝယ်မပြုလုပ်ကြရေး ကြပ်မတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် မြို့အဝင်စစ်ဆေးရေးဂိတ်သို့သွားရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးဆောင်ရွက်‌နေမှုအခြေအနေများနှင့် ခရီးသွားမှတ်တမ်းရယူနေမှုအခြေအနေများအား သွားရောက်ကြည့်ရှူစစ်ဆေးခဲ့ပြီး စစ်ဆေးရေးလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမူရေးအဖွဲ့အစည်းများအား အားပေးဂုဏ်ပြုစကားများပြောကြားခဲ့ကာ ကျန်းမာရေးသုံးပစ္စည်းများဖြစ်သော Mask ၁၀၀ ခု၊ လက်အိတ်အစုံ ၅၀နှင့် လက်သန့်ဆေးရည် ၄ လီတာဘူး ၂ ဘူးတို့အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပါသည်။

30-Nov--0001