ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ ဟင်္သာတမြို့၊ သဘာဝဘေးစီမံခန့်ခွဲရေး သင်တန်း ကျောင်းတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်အလှူ‌ငွေများထောက်ပံ့လှူဒါန်းခြင်းနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၅ရက်နေ့ ၀၈၀၀ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာ တခရိုင်၊ ဟင်္သာတမြို့၊ သဘာဝဘေးစီမံခန့်ခွဲရေးသင်တန်းကျောင်းတွင် ဟင်္သာတမြို့နယ်နှင့် လေးမျက်နှာမြို့နယ်များသို့ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်မြို့နယ်လျှင် အလှူငွေကျပ်သိန်း (၁၂၀)ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးတင်အောင်ဝင်း၊တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ခရိုင်/မြို့နယ်များမှ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းကော်မတီများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တစ်မြို့နယ်လျှင် အလှူငွေကျပ်သိန်း(၁၂၀)စီအား မြို့နယ်ကော်မတီတာဝန်ရှိသူများ ထံသို့ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် သဘာဝဘေးသဘာဝ ဘေးစီမံခန့်ခွဲရေးသင်တန်းကျောင်းအတွင်း ဖွင့်လှစ်ထားရှိသည့် Facility Quarantine Centreနှင့် ဟင်္သာတတက္ကသိုလ်အတွင်းဖွင့်လှစ်ထားရှိသည့် Facility Quarantine Centre တို့အားသွားရောက်ကြည့်ရှု့ခဲ့ပြီး တာဝန်ရှိသူများဖြင့်တွေ့ဆုံခဲ့ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ဟင်္သာတမြို့၊ အေးမြသာ ယာရပ်ကွက်၊ ခြင်္သေ့ဦးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည့် သဘာဝဘေး ကြိုတင်ကာ ကွယ်ရေးအတွက် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား တက် ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားကျရောက်လေ့ရှိသော အေးမြသာယာရပ်ကွက်မှ ခိုင်ခန့်မှုအားနည်းသည့် အိမ်ခြေ(၁၀)အိမ်အတွက် အိမ်ဆောက်ပစ္စည်းများအား ထောက်ပံ့ပေး အပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

06-Apr-2020