ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်အမျှပေးဝေခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့ နံနက် (၀၅၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော (၆၉)နှစ်မြောက် အာဇာနည်နေ့ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်အမျှပေးဝေခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ ပုသိမ်မြို့၊ နိဂြောဓါရုံ ညောင်ပင်ပရိယတ္တိစာသင်တိုက်မှ ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ချီးမြှင့်ပေးကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပုသိမ်မြို့၊ ကုန်းသာကျောင်းတိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသအရှင်သူမြတ်ထံမှ အနုမောဒနတရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုတ်သိမ်းကာ အာဇာနည်နေ့ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

21-Jul-2016