ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် Delta Industrial Group Co.,Ltd ၊ Ayeyarwady Development Public Co.,Ltd၊ Kinetic Techonlogy အဖွဲ့တို့နှင့်တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ Delta Industrial Group Co.,Ltd မှ Managing Director ဦးဇော်လင်းလတ် ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများ ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် မြို့ပြအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

(၁၁၀၀)နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Ayeyarwady Development Public Co.,Ltd မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (Pathein Industrial City) ပုသိမ်စက်မှုမြို့တော် တည်ဆောက်နိုင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၄၀၀)နာရီအချိန်တွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ရတနာပုံ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက်မှ ဥက္ကဋ္ဌ ဦးညိမ်းချမ်းစိုး ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ Kinetic Techonlogy လျှပ်စစ်ရရှိရေး လုပ်ငန်းများ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းခြင်းလုပ်ငန်းများ၊ မြစ်ချောင်းများ ထိန်းသိမ်းရင်း ထွက်ပေါ်လာသော ဒေသထွက်ကုန်များကို လေ့လာဆန်းစစ်ပြီး နိုင်ငံတကာ စျေးကွက်သို့ တရားဝင်တင်ပို့ ရောင်းချနိုင်ရေးကိစ္စများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

21-Jul-2016