ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ကျုံပျော်မြို့၊ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ကျုံပျော်မြို့၊ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၂၄၅)နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ ရေကြည်မြို့၊ ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့လည်းကောင်း တက်ရောက်ခဲ့ပါသည်။

21-Jul-2016