ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ၂၀၁၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာ၀န်ရှိဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ငပုတောမြို့နယ်၊ ဖျန်ရေကျော်ကျေးရွာ၌ ကျင်းပပြုလုပ်သည့်ဘ ၂၀၁၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် ဥတုရာသီတောကိုမှီ၏ စကားအတိုင်း စိုက်ပျိုးမှု၊ ရှင်သန်မှုအားနည်းခြင်းကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးပြီး ရာသီဥတုဖောက်ပြန်မှု ဖြစ်လာမည်ဖြစ်ကြောင်း၊ သစ်ပင်သစ်တောများ ရှိခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်သော သဘာဝဘေးဒဏ်များကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသော သစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးနှင့်ပြုန်းတီးမှုမရှိစေ​ရေး ပြည်သူပြည်သားအားလုံး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက်ဆိုင်ရာ တာဝန်ရှိသူများအား ပျိုးပင်များ အသီးသီးပေးအပ်ကာ တက်ရောက်လာသော လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

07-Jul-2016