ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် MIDP Green Auto Co.,Ltd နှင့် မိတ်ဖက်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းအစီအစဉ်အား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးတက်ရောက်
ပုသိမ် နိုဝင်ဘာ ၁၃
MIDP Green Auto Co.,Ltd နှင့် မိတ်ဖက်ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းအစီအစဉ်အား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ကျင်းပခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူ တစ်ဦးက MIDP Green Auto Co.,Ltd နှင့် မိတ်ဖက် ကုမ္ပဏီများမှ EV Charging Station & Rest Camp တည်ဆောက်ခြင်းလုပ်ငန်း၊ SKDစနစ်ဖြင့် (EV Commercial Passenger Bus) တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ၊ (EV passenger and Commercial Bus) ၊ လျှပ်စစ်အိမ်သုံးပစ္စည်း ( TV, အဝတ်လျှော်စက်၊ Solar Panel နှင့် ရေခဲသတ္တာ ပစ္စည်းအမျိုးမျိုး) တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ၊ Blaval (EV) တပ်ဆင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း ၊ လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း၊ ICE အမျိုးအစား နှစ်ဘီး၊ သုံးဘီး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း ၊ EV Truck ကားများကို တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း၊ Blaval (EV) တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ဆွေးနွေး တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုလာရောက် ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများသည် တိုင်းဒေသကြီးအတွက် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်ပါကြောင်းနှင့် လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့်အတွက်လည်း ကြိုဆိုပါကြောင်း၊ တိုင်းဒေသကြီး၏ GDP များလည်း တိုးတက်လာမည့်အပြင် EV ကားများ ထုတ်လုပ်ခြင်းဖြင့် စက်သုံးဆီအသုံးပြုမှုလျှော့ချရေးကိုလည်း အထောက်အကူပြုမည် ဖြစ်ပါ ကြောင်း၊ ဒေသတွင်းရှိပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းအလမ်းများ ရရှိရေးကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအား အမြန်ဆုံးအကောင်အထည် ဖော်ဆောင်နိုင်ရေးဆောင်ရွက်ရန်နှင့် လိုအပ်သည့်အကူအညီများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။