ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပန်းတနော်မြို့ ဦးသန့်စာကြည့်တိုက်နှင့်ပြတိုက်အား ကြည့်ရှုစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ပန်းတနော်မြို့ ဦးသန့်စာကြည့် တိုက်နှင့်ပြတိုက်အား သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး စာကြည့်တိုက်ကော်မတီ ဖွဲ့စည်း၍ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ သုတရသစာပေများ ပိုမိုပြည့်စုံစေရေးနှင့် လူငယ်များ စာပေများကို ပိုမိုလေ့လာဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးရန်၊ စာကြည့်တိုက်ကိုအခြေခံ၍ လူငယ်များအတွက် အကျိုးရှိသည့် သင်တန်းများဖွင့်လှစ်ပေးရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
13-Nov-2026