ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မအူပင်မြို့ စက်မှုဇုန်ရှိ New Talent အထည်ချုပ်စက်ရုံ နှင့် Wave Myanmar မွေ့ယာစက်ရုံအား ကြည့်ရှုစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့ စက်မှုဇုန်ရှိ New Talent အထည်ချုပ်စက်ရုံသို့ ရောက်ရှိ၍ အဝတ်အထည်များ ချုပ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူတစ်ဦးက မအူပင်စက်မှုစီမံကိန်းနှင့် ပတ်သက်သည့် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းဧရိယာအတွင်း ဆောင်ရွက်မည့် အဆောက်အဦများ၊ မအူပင်စက်မှုဇုန်ရှိ မြေအသုံးချမှုအခြေအနေ၊ စက်မှုဇုန်အတွင်း ဖွင့်လှစ်ထားသည့် စက်ရုံများ၊ လျှပ်စစ် ဓာတ်အားသုံးစွဲမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မအူပင်စက်မှုဇုန်အတွင်းရှိ Wave Myanmar မွေ့ယာစက်ရုံအား ဆက်လက်ကြည့်ရှု စစ်ဆေးခဲ့သည်။
13-Nov-2026