ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျိုက်လတ်မြို့၊ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများကို ကြည့်ရှုအားပေး

ပုသိမ် နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျိုက်လတ်မြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့် လူနာများကို ကြည့်ရှုအားပေးစကား ပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံအားလှည့်လည်ကြည့်ရှုစ်ဆေးခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

13-Nov-2026