ပုသိမ်မြို့ပေါ်ရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေး စစ်ဆေးဆောင်ရွက်
ပုသိမ် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် အဖွဲ့ဝင်များသည် ယနေ့တွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအရ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားလာသည့် ပုသိမ်မြို့ပေါ်ရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ၊ သင်ခန်းစာအစီအစဉ်များ ရေးဆွဲ၍ သင်ယူမှုနေရာများနှင့် ကိုက်ညီစွာ သင်ကြားပို့ချနိုင်မှု၊ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိတို့ကို ကြည့်ရှုစစ်ဆေး၍ တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ခဲ့ကြသည်။
11-Nov-2026