တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဖျာပုံမြို့နယ်အတွင်းရှိ တံတားတည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျုံကဒွန်း-စက်ဆန်းပေါ်၌ တံတား ဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့(၁၅)မှ ငါးဂွတံတား(၆၆)ပေ တည်ဆောက် ခြင်းလုပ်ငန်း၊ ကျုံကဒွန်း(ကမာပို)-ဘုန်းကြီးသောင်လမ်းပေါ်ရှိ မယ်လေးရိုး တံတား ၁၄၀ ပေ တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တံတားများသည် ဒေသတွင်း ကျေးရွာများအကြား ဆက်သွယ်သွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အရေးပါသည့် အခြေခံအဆောက်အအုံများဖြစ်သဖြင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီခိုင်ခံ့စွာ တည်ဆောက်ရန်၊ လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး စီမံဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းအဆင့်ဆင့်ကို စနစ်တကျ ကြီးကြပ် စစ်ဆေးရန်နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းခွင်အရည်အသွေးကို အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

11-Nov-2026