ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် ပုသိမ်မြို့၊ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ သွားရောက် ကြည့်ရှုလေ့လာ

ပုသိမ် နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှားသော ဧရာဝတီတိုင်းဒေသကြီးသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ ရှေးဟောင်းလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများနှင့် သမိုင်းဝင်အထောက်အထားများကို မပျောက်ပျက်အောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဧရာဝတီတိုင်းဒေသကြီး၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များ ပိုမိုသိရှိလေ့လာ နိုင်စေရေးအတွက် ပြတိုက်အတွင်း ခင်းကျင်းပြသမှုများကို စနစ်တကျနှင့် စိတ်ဝင်စားဖွယ် ကောင်းအောင် ဆောင်ရွက်ရန်၊ စာကြည့်တိုက်ရှိ စာအုပ်စာတမ်းများကိုလည်း စနစ်တကျ ထိန်းသိမ်းထားရှိပြီး အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

09-Nov-2026