လေးမျက်နှာမြို့နယ်၊ ရေဘေးပြန်လည်ထူထောင်ရေးအတွက် စားဆီပိဿာချိန်(၂၀၀)လာရောက်လှူဒါန်း

ပုသိမ် နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ Wilmar Myanmar Richland လီမိတက်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ရေဘေးပြန်လည်ထူထောင်ရေးအတွက် စားဆီဆယ်ပိဿာဝင်(၂၀)ပုံး ဆီပိဿာချိန် (၂၀၀)အား လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

06-Nov-2026