ဧရာဝတီတိုင်း၌ ဆားလုပ်ငန်းရှင်များ MSME ချေးငွေရရှိရေး တိုင်းဒေသကြီးဝန်ကြီး ဆွေးနွေးမှာကြား
ပုသိမ် နိုဝင်ဘာ ၆
၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နောင်ရိုးခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးသည် ဆားတောင်သူများနှင့် တွေ့ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဆားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် A Bank နှင့် တိုင်းဆားတောင်သူများအသင်း ပူးပေါင်း၍ MSME ချေးငွေရရှိရန် လိုအပ်သည်များ ပြင်ဆင်ထားကြရန်၊ လုပ်ငန်းရှင်များ SME အသင်းဝင်ထားရန်နှင့် ဘဏ်များနှင့် ယုံကြည်မှုတည်ဆောက်ကာ ချေးငွေများကို မှန်မှန်ကန်ကန် ပြန်ဆပ်ကြရန် ဝန်ကြီးက တိုက်တွန်းမှာကြားခဲ့ပါသည်။
06-Nov-2026