ဧရာဝတီတိုင်းဒေသကြီး သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပုသိမ် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ နိုဝင်ဘာ ၅ ရက်က တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုစိစစ်ရွေးချယ်ရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ပထမအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့သည့် ကျောင်းများ၏ မြေပြင်အခြေအနေများနှင့် ရမှတ်များကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ပြေကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
06-Nov-2026