ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ခုနှစ် ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကြည့်ရှုအားပေး
ပုသိမ် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သည် ငါးကျီးထူကျေးရွာအုပ်စု၊ အောင်လံစုကျေးရွာ၊ တောင်သူ ဒေါ်လှရင်၏ လယ်မြေတွင် ၂၀၂၆-၂၀၂၇ ခုနှစ် ဆောင်းဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အား ကြည့်ရှုအားပေးပြီး နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ ဒေသရာသီဥတု၊ မြေဆီလွှာအခြေအနေနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန်၊ နေကြာသီးနှံဖြစ်ထွန်းအောင်မြင်စေရေးအတွက် သတ်မှတ်အချိန်အတွင်း မြေဩဇာစနစ်တကျကျွေးခြင်း၊ ရေရရှိမှုအဆင်ပြေစေရေး ဆောင်ရွက် ခြင်းနှင့် ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန်၊ ပိုးမွှားကျရောက်မှုရှိပါက သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်၍ နည်းလမ်း မှန်ကန်စွာ ကာကွယ်နှိမ်နင်းကြရန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။