ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများတွင် မတ်ပဲပြန်လည်စိုက်ပျိုးမည့် တောင်သူများအား ဒီဇယ်ဆီနှင့် မတ်ပဲမျိုးစေ့များ အခမဲ့ပံ့ပိုးပေး

ပုသိမ် နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာ အုပ်စုတွင် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများတွင် မတ်ပဲပြန်လည်စိုက်ပျိုးမည့် တောင်သူများ အား ဒီဇယ်ဆီနှင့် မတ်ပဲမျိုးစေ့များ အခမဲ့ပံ့ပိုးပေးခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး မတ်ပဲ စိုက်တောင်သူမျာအား တစ်ဧကလျှင် ဒီဇယ်ဆီ(၂.၅)ဂါလံနှင့် မတ်ပဲမျိုးစေ့များကို လည်းကောင်း၊ နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များနှင့် ယူရီးယားမြေဩဇာများကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး နိုင်ငံတော်မှပံ့ပိုးပေးသည့် အထောက်အပံ့များကို ထိရောက်စွာအသုံးချကာ သီးနှံအထွက်နှုန်း ကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

03-Nov-2026