ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ ၂၀၂၆ နှင့် စပ်းလျဉ်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

ပုသိမ် နိုဝင်ဘာ ၂

မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ ၂၀၂၆ နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင် များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိ သူများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲတွင် တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သဖြင့် ဆန်၊ စပါးကိုအခြေခံသည့် ထုတ်ကုန် ပစ္စည်းများအပြင်၊ မွေးမြူရေးထုတ်ကုန်ပစ္စည်းများနှင့် ပီလောပီနံ၊ ကွမ်းသီး၊ သီဟို၌၊ ပြောင်းစသည် ထုတ်ကုန်ပစ္စည်းတို့ကိုလည်း ပြသနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိဒေသတွင်းသာမက လာရောက်ပြသသည့်နိုင်ငံ၏ ထုတ်ကုန် ပြခန်းများနှင့် ထုတ်လုပ်မှုနည်းစနစ်များကို သွားရောက်လေ့လာရန်လိုပါကြောင်း၊ MSME လုပ်ငန်းများ အနေဖြင့် အမယ်သစ်များ ပြသနိုင်ရေးအပြင် ထုတ်ပိုးမှုပုံစံကောင်းများဖြင့် ပါဝင်ပြသနိုင်ရေး ဆောင်ရွက်သွားရန်လိုပါကြောင်း၊ နိုင်ငံတကာစျေးကွက်သို့ ကုန်စည်များ တင်ပို့ရောင်းချရာတွင် လည်း အရည်အသွေး မကျဆင်းစေဘဲ သန့်သန့်ရှင်းရှင်းနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် မိမိတို့၏ ထုတ်ကုန်အရည်အသွေးကို ထိန်းသိမ်းကြရန်လိုပါကြာင်း” ပြောကြားသည်။ ဆက်လက်၍ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့က မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပြပွဲ ၂၀၂၆နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ပြသမည့်ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြခဲ့ကြသည်။

02-Nov-2026