ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ပုသိမ်စက်မှုဇုန်ဖွဖြိုးတိုးတက်ရေးအတွက် စက်မှုဇုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပုသိမ် နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးရာလ်ကျုံးနှင့် တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ ပုသိမ်စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့်အစီအစဥ်များနှင့် ဆက်လျဥ်း၍ စက်မှုဇုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအား ပုသိမ်စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးခန်း၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီအသစ်တဖန်ပြန်လည်ဖွဲ့စည်းကြမည်ဖြစ်ကြောင်း၊ ပုသိမ်စက်မှုဇုန်အားယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များအား တက်နိုင်သည့်ဘက်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှ ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးမှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

02-Nov-2026