ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး ပုသိမ်မြို့ပေါ် ရှိပြေးဆွဲနေသော မီနီအိုးဝေများနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေး
ပုသိမ် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်တွင် ပုသိမ်မြို့ပေါ်တွင်ပြေးဆွဲနေသော မီနီအိုးဝေများနှင်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ မြို့ပေါ်၌ အိုးဝေများမှ စည်းကမ်းမဲ့ မောင်နှင်နေကြသည်ကိုတွေ့ရှိရသည့်အတွက် အိုးဝေများအတွက် စည်းကမ်းထုတ်၍ သေချာကြပ်မက်ကြရန်လိုအပ်ကြောင်း၊ ရပ်ကွက်အလိုက် အိုးဝေစာရင်းကောက်ယူ၍ စာရင်းပြုစုပေးကြရန်နှင့် ရရှိလာသောစာရင်းများအရ လုပ်ငန်းလိုင်စင်မရှိသေးသော အိုးဝေများအား လုပ်ငန်းလိုင်စင်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စည်ပင်သာယာရေးဝန်ကြီးမှ အိုးဝေများအတွက် တူညီဝတ်စုံများ သက်မှတ်ပေးမည်ဖြစ်ကြောင်း၊ စည်ပင်ဌာနမှကွင်းဆင်း၍ အိုးဝေများအတွက် ဂိတ်သက်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အိုးဝေအငှားခေါ်ယူရာတွင် Mobile Application များသုံး၍ ခေါ်ယူနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်နေကြောင်းနှင့် အကောင်အထည်ဖော်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လိုအပ်သည်များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။