တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ရှုခင်းသာရင်၌ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်

ပုသိမ် အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ရှုခင်းသာရင်၌ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်၍ နိုင်ငံကျော်တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ အထင်ကရနေရာများ၊ ဘုရား၊ စေတီ၊ ပုထိုးများ၌ ဆီမီးများ၊ ရောင်စုံဆီမီးများဖြင့် ထွန်းညှိပူဇော်ခြင်းများကို ပြုလုပ်လျက် ရှိသကဲ့သို့ ရုံး၊ ဌာနဆိုင်ရာအဆောက်အအုံများနှင့် မြို့နယ်အသီးသီးရှိ လမ်းမများ၊ လမ်းဆုံလမ်းခွ များတွင်လည်း ရောင်စုံမီးအလှများဖြင့် အလှဆင်ထွန်းညှိထားကြရာ မြို့ပြနှင့်ကျေးလက်ဒေသ များတွင် သီတင်းကျွတ်ပွဲတော်၏ ရိုးရာယဉ်ကျေးမှုအငွေ့အသက်များဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် ပြည်သူများသည်လည်း မိသားစုဝင်များနှင့်အတူ ဘုရား၊ စေတီပုထိုးများသို့ သွားရောက် ဖူးမြော်ကြည်ညိုခြင်း၊ ဆီမီးပူဇော်ခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းနှင့် မိဘ၊ ဘိုးဘွား၊ ဆရာသမားများအား ကန်တော့ခြင်းတို့ကို ဆောင်ရွက်ကြပြီး သီတင်းကျွတ်ပွဲတော်ကို ရိုးရာအစဉ် အလာမပျက် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

27-Oct-2026