ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တရုတ်ကုန်း အမှတ်(၁၃၇)အခြေခံ ပညာမူလတန်းကျောင်း ကျောင်းဆောင်နှင့် စွန့်ပစ်ပလတ်စတစ် ပစ္စည်းများကို ပြန်လည်အသုံးပြု၍ ကော်ဖတ်များ ထုတ်လုပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေး
ပုသိမ် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည်တာဝန်ရှိသူများနှင့်အတူ တရုတ်ကုန်း အမှတ်(၁၃၇) အခြေခံ ပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းဆောင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တန်တရာဆန်စက်ဝန်းအတွင်း စွန့်ပစ်ပလတ်စတစ် ပစ္စည်းများကို ပြန်လည်အသုံးပြု၍ ကော်ဖတ်ကြိတ်စက်ဖြင့် ကော်ဖတ်များ ထုတ်လုပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
25-Oct-2026