ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ရန်ကုန်-ပုသိမ်လမ်း မိုင် ၄၈ မိုင် ၇ ဖာလုံမှ ၄၉ မိုင်အတွင်း Oriental Highway Co.,Ltd မှ လမ်း ဘယ်ဘက်ခြမ်း ၄ဝဝ ပေခန့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအားလည်း‌ကောင်း၊ ကြိမ်ပင်ဆည်-စက္ကော့-ဓနုဖြူ-ဇလွန် လမ်းပိုင်း ၃၅ မိုင် ၇ ဖာလုံအတွင်း လမ်းအထူးအဖွဲ့ ၂၁ မှ ၃ ဖာလုံအရှည်ခန့် ကတ္တရာလမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်းဆောင်ရွက် နေမှုအားလည်းကောင်း၊ ဟင်္သာတ-ဒူးယား-ဒေါင့်ကြီး-ဇလွန် လမ်းပိုင်း ၁၅ မိုင် ၁ ဖာလုံ အတွင်း အရှည် ၃ ဖာလုံ၊ အကျယ် ၁၈ ပေအား လမ်းဦးစီးဌာနမှ ကတ္တရာလမ်း အနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အရည်အသွေးပြည့်မီစေရေး၊ လမ်းပိုင်းအလိုက် လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ယာဉ်ကြောကြပ်တည်းမှုမဖြစ်စေရေးနှင့် ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းစေရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

21-Oct-2026