ရေနက်ကွင်းတွင် ရေတစ်ဘောင်၊ ကုန်းတစ်ဘောင် စိုက်ပျိုးနည်းစနစ်ဖြင့် အုန်းချိုမွှေးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ ရိုဘက်စတာ မြေနိမ့်ကော်ဖီပင်များနှင့် ကွမ်းသီးပင်များ သီးညှပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေး

ပုသိမ် အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဓနုဖြူမြို့နယ်၊ ယင်းကတစ်ကျေးရွာရှိ ရေနက်ကွင်းတွင် ရေတစ်ဘောင်၊ ကုန်းတစ်ဘောင် စိုက်ပျိုးနည်းစနစ်ဖြင့် အလွိုင်းကုမ္ပဏီမှ စိုက်ပျိုးထားရှိသော အုန်းချိုမွှေးစိုက်ပျိုးရေးခြံ ဧက(၁၈၀) သို့ သွား‌ရောက်၍ အုန်းချိုမွှေးပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု၊ ရိုဘက်စတာ မြေနိမ့်ကော်ဖီပင်များနှင့် ကွမ်းသီးပင်များ သီးညှပ် စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူမှ နှစ်အလိုက် အုန်းချိုမွှေး စိုက်ခင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ အုန်းချိုမွှေးဘောင်တန်းစိုက်ပျိုးမှုများ၊ အောင်မြင်ဖြစ်ထွန်းမှု၊ အသီးစတင်ရရှိမှု၊ ဈေးကွက်သို့တင်ပို့ရောင်းချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အုန်းချိုမွှေးလုပ်ငန်းအပြင် အုန်းအခြေခံ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းများပါ တွဲဖက်လုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

21-Oct-2026