ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး(RS-CS) မျိုးစေ့ထုတ် စံပြစိုက်ခင်း ဆင်းသုခစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်

ပုသိမ် အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကံ့ကော်ကုန်းကျေးရွာရှိ တောင်သူဦးဝင်းမြင့်ဦး၏ လယ်မြေတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး(RS-CS)မျိုးစေ့ထုတ်စံပြစိုက်ခင်း ဆင်းသုခစပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက် ကြည့်ရှုအားပေးပြီး ဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးမည့် တောင်သူများထံသို့ နေကြာမျိုးစေ့များ ပေးအပ်ခဲ့သည်။

21-Oct-2026