ရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ Master Feed Mill ငါးအစာတောင့်စက်ရုံ လည်ပတ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှု
ပုသိမ် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ Master Feed Mill ငါးအစာတောင့်စက်ရုံသို့ သွားရောက်၍ ငါးအစာတောင့်စက်ရုံ လည်ပတ်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိ သည့် ကုန်ကြမ်းများကို အခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ငါးအစာတောင့်များ ထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး၊ ကုန်ပစ္စည်းထုတ်လုပ်မှုများအပေါ် စနစ်တကျမှတ်တမ်းများထားရှိရေး၊ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊ တိုင်းဒေသကြီးမှထွက်ရှိသော ကုန်ကြမ်းပစ္စည်းများဖြင့် တွင်ကျယ်စွာအသုံးပြုထုတ်လုပ်နိုင်ရေးစသည်တို့ကို မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
21-Oct-2026