ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကမ်းပြိုကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ပုသိမ် အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ကမ်းပြိုကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကျေးရွာနှင့် ဂန်ချောင်းကျေးရွာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်နိုင်ရန်အတွက် Geotextile ကပ် ကမ်းထိန်းတမံ အလျား (၃၀၀၀) ပေ ဆောင်ရွက်မည့်နေရာနှင့် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် ဂန်ချောင်းကျေးရွာ တစ်ဖက်ကမ်း အလျား (၂၆၀၀) မီတာ၊ အကျယ် (၁၃၆)မီတာ သောင်တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများအားလုံးကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေး၊ ဒေသခံပြည်သူများ အတွက် အကျိုးရှိစေရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ အနန္တဂုဏ်ရောင်စာသင်တိုက်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းဖြစ်သည့် ဘိုးပိုင်အခြေပြု RCC မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း အလျား (၁၅၀) ပေဆောင်ရွက်နေမှုနှင့် ဘိုးပိုင်အခြေပြု RCC မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း အလျား (၁၀၀) ပေဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

21-Oct-2026